Posts

Showing posts from December, 2020

ပိုကောင်းတွေဘဝတွေကို ဘယ်လိုရနိုင်မလဲ ?

Image
ပိုကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်ကြမယ် ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်းက သင့်ရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဆိုရင် ယုံမလား။ သင့်ရဲ့အောင်မြင်မှုတွေဟာ သင့်ရဲ့ဘဝတစ်ခုလုံးကို နေပျော်လာနိုင်စေတာမို့ တကယ်လုပ်ကြည့်လိုက်ပါနော်။ အောင်မြင်မှုဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာမှ၊ ငွေတွေသုံးမကုန်ဖြုန်းမကုန်အောင်ရှိမှ၊ ကားအကောင်းစားနဲ့ အိမ်တွေအများကြီးပိုင်ဆိုင်မှဆိုတာမျိုးကဲ့သို့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေပြီး သင်ရည်မှန်းထားတဲ့အရာတွေအပေါ်မှာ ဖြစ်မြောက်အောင်၊ အောင်မြင်အောင်ကြိုးစားနိုင်လာတဲ့စိတ်ကို ပြောချင်တာပါ။  နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်ဆိုတာက အဓိက စိတ်ကြောင့်ဖြစ်တာပါ။ စိတ်ကြောင့်ဖြစ်တာကို စိတ်နဲ့ပဲကုစားရတယ်ဆိုတဲ့စကားကို ကြားဖူးကြမှာပါနော်။ နာကျင်တဲ့စိတ်၊ ကြေကွဲစိတ်၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ ယူကြုံးမရတဲ့စိတ်၊ စတဲ့ စိတ်ကြောင့် ခံစားခဲ့ရတာတွေကို သက်သာဖို့အတွက် စိတ်ကိုပြန်ပြီး ခွန်အားဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးတဲ့စိတ်ဖြစ်လာအောင်လုပ်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာမယ့်အရာတွေ၊ ကိုယ်ပျော်ရွှင်ပြီး အခြ...

ပိုအောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့်အရာ ၁၅ ခု

Image
ပိုအောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့်အရာ ၁၅ ခု ------------------------------------------ လက်ရှိထက်ပိုအောင်မြင်ဖို့ရာမှာ စွန့်လွှတ်ရမယ့်အချက် ၁၅ ချက်ကို Freelance Copywriter ဖြစ်သူ Katie Sweeney က ဖော်ထုတ်ပြထားပဲဖြစ်ပါတယ်။ ပိုအောင်မြင်လိုသော CEO ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ လုံးဝပြီးပြည့်စုံအောင်ကြိုးစားခြင်း၊ ၂။ အလုပ်နည်းနည်းပဲလုပ်ခြင်း၊ ၃။ ကံကောင်းတာကို စောင့်ဆိုင်းနေခြင်း၊ ၄။ အရာရာကို ဖြစ်လာမယ်ဆိုပြီး စောင့်ဆိုင်းနေခြင်း၊ ၅။ ထောက်ခံမှုရဖို့ လိုအပ်နေခြင်း၊ ၆။ တစ်ယောက်တည်းလုပ်ဖို့ ကြိုးစားခြင်း၊ ၇။ မကောင်းတဲ့အတွေးတွေအပေါ် အာရုံစိုက်လွန်းခြင်း၊ ၈။ ကိုယ့်ရဲ့အားနည်းချက်တွေအပေါ် အာရုံစိုက်လွန်းခြင်း၊ ၉။ အတိတ်မှာ နေထိုင်ခြင်း၊  ၁၀။ လူတိုင်းစိတ်ကျေနပ်အောင် ကြိုးစားနေခြင်း၊  ၁၁။ မကျေနပ်မှု၊ နာကျင်များကို ဆုပ်ကိုင်ထားခြင်း၊  ၁၂။ မကောင်းမြင်တတ်တဲ့သူတွေနဲ့ အချိန်ကုန်တတ်ခြင်း၊ ၁၃။ စောဒကတက်ခြင်း၊ ၁၄။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ခြင်း၊ ၁၅။ အပြောင်းအလဲတွေမလုပ်နိုင်တော့ဘူးလို့ ထင်နေခြင်း၊    Ref: katiesweeney.com 

ကိုယ်ရဲ့ ဝင်ငွေ ထွက်ငွေကို စီမံခန့်ခွဲကြတဲ့အခါ

Image
ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကိုယ့်ဝင်ငွေထွက်ငွေကို အကြမ်းဖျဉ်း ဘယ်လိုစီမံ ခန့်ခွဲလို့ ရလဲဆိုတဲ့ tips လေးတွေပါ။  အလုပ်လုပ်နေသူဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ် ဝင်ငွေဆိုတာတော့ ရှိစမြဲပါ။ အနည်းဆုံးတော့ အိမ်ကပေးတဲ့မုန့်ဖိုးဝင်ငွေ တော့ရှိပါတယ်။ ဒါပေမယ့် ထွက်ငွေကတော့ ပြောမနေပါနဲ့တော့။ မဝင်ခင်ကတည်းကထွက်ချင်နေတဲ့ အသုံးစားရိတ်တွေဘယ်လိုစီမံခန့်ခွဲကြမလဲ။  ကျွန်တော်ဆို အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ ကျွန်တော်ဝင်ငွေတော်တော်များများက ကိုယ်ပစ္စည်းတစ်ခုခုဝယ်မိလို့ အသုံးမလောက်တာမျိုးထက် ဘာသုံးလို့သုံးလိုက်မှန်းမသိပဲ လကုန်တော့မှ လက်ထဲမှာ ပိုက်ဆံမကျန်တာမျိုး ခဏခဏဖြစ်တတ်တယ်လေ။ ဒါက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ တော်တော်များများ ကြုံတွေ့ရလိမ့်မယ်ထင်ပါတယ်။ ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရလေအောင် လအစထဲကကိုယ့် budget ကို သေချာချိန်ထားသင့်ပါတယ်။  ၁။ ဘယ်လောက်ကိုစုမယ်ဆိုတာ ကြိုစဉ်းစားထားပါ။ လူတိုင်းမှာ ကိုယ်တစ်လဘယ်လောက်ရနိုင်မလဲဆိုတဲ့ limit ရှိပါတယ်။ အဲဒီမှာမှ လကုန်ရင်ဘယ်လောက်ကျန်ချင်တယ်ဆိုတာ ကြိုတွေးပြီးဖယ်ထားလိုက်ပါ။ စုဖြစ်တာမစုဖြစ်တာထက် ကိုယ်အပို သုံးချင်တဲ့ငွေပမာဏကိုဖယ်ပြီးမှ ကျန်တဲ့ပိုက်ဆံကို မဖြ...

အလုပ်အကိုင်အွင့်အလမ်းအတွက် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများ

Image
ထောင်စုနှစ်လူသားများနှင့် အလုပ်စိန်ခေါ်မှုများ ---------------------------------- ထောင်စုနှစ်လူသားများ (လက်ရှိအသက်အရွယ် ၁၉-၃၆ နှစ်ကြား) အပေါ် အသက်အရွယ် အလိုက်တုံ့ပြန်မှုနှင့်ပတ်သက်သည့် စစ်တမ်းအရ ထောင်စုနှစ်လူသားများနှင့် ပတ်သက်၍ အများစု၏ သုံးသပ်ချက်မှာ စိတ်မရှည်ခြင်း (Inpatient) ၊ ယုံကြည်မှုလွန်ကဲခြင်း (Over Confident) ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို အဓိကထားခြင်း (Materialistic) ဟု သတ်မှတ်ထားလေ သည်။ X Generation (၁၉၆၀-၈၀ ကြားမွေးဖွားသူများ) နှင့် ဒုတိယကမ္ဘာစစ်ခေတ်ကြိုမွေးဖွား သူများအနေဖြင့် စည်းကမ်းရှိခြင်း (Disciplined) ၊ အလုပ်အပေါ်သစ္စာရှိခြင်း (Loyal) နှင့် ပိုင်ဆိုင်မှု (Ownership) တို့ ရှိကြလေသည်။ ထောင်စုနှစ်လူသားများအပေါ် အများစု၏ထင်မြင်ယူဆချက်မှာ ခံစားပိုင်ခွင့် (Entitlement) ရှိသည်ဟုခံယူခြင်း၊ ပျင်းရိခြင်းနှင့်၊ မိမိနှင့်ဆက်စပ်သည့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ လေးစားမှုမရှိခြင်းဖြစ်ပါသည်။ သို့သော် ထောင်စုနှစ်လူသားများ၏ အားသာချက်မှာ နည်းပညာဆိုင်ရာတိုးတက်ပြောင်းလဲမှုကြောင့် တီထွင်တွေးခေါ်နိုင်မှုစွမ်းရည် လွန်စွာမြင့်မားပြီး ပြောင်းလဲမှုများကို ထူးခြားစွာဆောင်ရွက်နိုင်စွ...

ကိုယ်ပိုင်အချိန်တွေကိုကောင်းစွာစီမံခန့်ခွဲတက်စေဖို့

Image
အချိန်ရွှေ့ဆိုင်းတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ဖို့ နည်းလမ်း (၇)ခု သင်က အချိန်ဆွဲတတ်တဲ့သူတစ်ယောက်လား…? ရူပဗေဒပညာရပ်မှာ သင်ကြားရတဲ့ အီနားရှားဥပဒေသနှစ်ခုက အချိန်ရွှေ့ဆိုင်းခြင်နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ရပ်တန့်နေတဲ့ အရာဝတ္ထုတစ်ခုက ဆက်ပြီးရပ်တန့်ချင်နေသလို ရွေ့လျားနေတဲ့အရာတစ်ခုကလည်း ဆက်လက်ရပ်တန့်နေလိုတယ်ဆိုတဲ့ ဥပဒေသတွေဖြစ်ပါတယ်။ သင်ကရော ဘယ်အထဲမှာပါဝင်ပါသလဲ၊ ရပ်တန့်နေသူလား ရွေ့လျားနေသူလား။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရွှေ့ဆိုင်းတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအကျင့်ဆိုးကို ရပ်တန့်နိုင်မယ့် နည်းလမ်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ အချိန်(၅)မိနစ်လောက်ယူပြီး မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကို စာရင်းချရေးထားပါ စာရွက်လွတ်တစ်ရွက်ပေါ်မှာ သင်လုပ်စရာရှိတဲ့ အလုပ်တွေ၊ ကြန့်ကြာနေတဲ့အလုပ်တွေကို ချရေးထားပါ။  ၂။ စာရင်းကိုကြည့်ပြီး အခုချက်ချင်းတစ်ခုကို ထလုပ်ပါ စာရင်းထဲက သင်အချိန်ဆွဲပြီး မလုပ်ဖြစ်တဲ့ အလုပ်တစ်ခုခုကို အားလေးထည့်ပြီး မဖြစ်ဖြစ်အောင် ထလုပ်လိုက်ပါ။ လက်တွေ့လုပ်ဆောင်ခြင်းက မလုပ်ဖြစ်အောင် ဟန့်တားနေတဲ့ စိုးရိမ်စိတ်ကို ချေဖျက်နိုင်ပါတယ်။ ၃။ စာရင်းထဲက အလုပ်တွေကို လုပ်ဆောင်ဖို့ အချိန်သတ်မှတ်ပါ ဒီအ...

ခွန်အားဖြစ်စေသောအရာများ !

Image
ဘယ်အရာတွေက ခွန်အားဖြစ်စေတာလဲ ------------------------------------ ဖိစီးမှု (Stress) ဆိုတဲ့စကားလုံးကို အကောင်အထည်ပြနိုင်တဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေအတွက် ရူပဗေဒပညာရှင်တွေကရာစုနှစ်အတော်များများ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုန်း မညီမျမှုကုသတဲ့ ဟန်ဂေရီနွယ်ဖွား ဆရာဝန် Hans Selye က သက်ရှိလူသားတွေအတွက် ဖိစီးမှု (Stress) ကို စတင်အသုံးပြုခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်အချိန်အထိတော့ မဟုတ်ခဲ့ပါဘူး။ Selye ဟာ ကြွက်ကိုယ်ထဲကို နွားရဲ့ဟော်မုန်းထိုးပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ နွားဟော်မုန်းအထိုးခံ ရတဲ့ ကြွက်တွေဟာ အပူချိန်ပြင်းပြင်းထန်ထန်မြင့်တက်လာခဲ့ပြီး ကျောရိုးရောင်ရမ်းတာနဲ့အစာအိမ်ပြည်တည်နာကအစကိုယ်ခံအားစနစ်ပျက်စီးလာတဲ့အထိအကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းမညီမျမှု လက္ခဏာတွေအတွက် Selye က ဖိစီးမှုဆိုတဲ့အသုံးအနှုန်းကို သုံးစွဲလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်ပါ ဖိစီးမှု (Stress) အသုံးပြုဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မျက်မှောက်ကာလ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာတော့ Stress ဆိုတဲ့ စကားလုံးကို ပတ်ဝန်းကျင်အခြေအနေအချိန်အခါ ပြောင်းလဲသက်ရောက်မှုကြောင့် ဖြစ်ပေ...

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

Image
Content Writer တစ်ယောက် ဖြစ်လာဖို့! 1.Content တစ်ခုကို စရေးဖို့ အခြေခံ လိုအပ်ချက် (၄) ချက်  2.သင့်အတွက် အလိုအပ်ဆုံး ဒိ အခြေခံ (၄)ချက် နဲ့ Content တစ်ခု စရေးမယ်  3.Content တစ်ခုကို စရေးဖို့ သင် လုံးဝ သိမှာ မဟုတ်တယ့် လိုအပ်ချက် (၄) ချက် ၄.သင်လုံးဝ သတိမထား မိနိုင်တယ့် Content တစ်ခု အတွက် လိုအပ်ချက် (၄) ချက်  1.က Positive Caption ပါ 2.က Extreme Positive Caption, 3.က Negative Caption, 4.က Extreme Negative Caption  Comparative & Superlative အသုံးတွေကို ထည့်ရင် ရေးလေ့ရှိတယ့် Caption ပုံစံ (၄) မျိုးပါ။ Heading & Subheading တွေမှာရော သုံးလေ့ သုံးထ ရှိကြပါတယ်။ (Superlative သုံးတိုင်း Extreme မဖြစ်ပါ၊ ရှေ့ပိုင်းမှာ ထားရေးမှသာ Extreme ခေါတာပါ) ဒါက Positive, Negative & Superlative တွေကို သုံးရေးတယ့် ideas အချို့ပါ Chapter 1. Writing like cream  -1 ရိုးရှင်းပြီး ရှင်းလင်းပါ -2 ကာရံရှိပြီး ကိုယ်ပိုင်ဟန် ရှိပါ -3 တတ်ကြွပြီး လှုံ့ဆော် ပေးပါ -1  ကိုယ်ရေးတယ့် Content က အရင်ဆုံး ကလေးက အစ ခွေးအဆုံးနားလည် ဖို့ လိုပါတယ်။ စာဖတ်သူက “ဘာလို့ လာတာလဲ? ဘယ်လို မေး...

ဘဝမှာနောင်တကင်းစေဖို့ !

Image
ဘဝမှာနောင်တကင်းစွာရှင်သန်နေထိုင်နိုင်စေဖို့ ငယ်ရွယ်စဉ်မှာမလုပ်ခဲ့မိရင် အသက်ကြီးမှ နောင်တ ရနေမယ့် အရာတွေရှိတက်ပါတယ်။ ဒါတွေကတော့  ၁ - ခရီးမသွားတာ ငယ်ရွယ်တဲ့အချိန်၊ သွားနိုင်လာနိုင်တဲ့အချိန်မှာ ခရီးတွေထွက်ပြီး နေရာသစ်တွေကို မသွားခဲ့ရတာ နောင်တရပါတယ်။ သူများထက် ပိုလုပ်မှ သူများထက် ပိုရမယ်ဆိုတဲ့ အတွေးကြီးရှိနေတာကြောင့် အလုပ်ထဲမှာပဲ နှစ်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ ရင့်ကျက်လာတဲ့အချိန်မှ မသွားခဲ့ရတာကို နောင်တရပါလိမ့်မယ်။ ၂ - လုံလောက်တဲ့ပျော်ရွင်မှု ပထမတစ်ချက်လိုပါပဲ။ ငွေနဲ့ အလုပ်ကိုသာ ကြည့်ပြီး သူများလို ပျော်ရွှင်မှုမရခဲ့တာပါ။ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောတဲ့အခါ သူငယ်ချင်းတွေနဲ့ လုပ်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး၊ စွန့်စားမှုမျိုး ၊ ကြည်နူးမှုမျိုး မရှိတာ ဝမ်းနည်းစရာပါ။ ၃ - သူငယ်ချင်း အချစ်ဆုံး သူငယ်ချင်းတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့မိတာကို ကြီးလာမှ နောင်တရတတ်ပါတယ်။ ၄ - ခံစားချက် ခံစားချက်အစစ်ကို အမှန်တိုင်း မပြခဲ့ရတာကို နောင်တရတတ်ပါတယ်။ လူတွေဟာ သူတို့ကို မာကြောတဲ့လူလို့ ထင်စေချင်တာကြောင့် ငိုရမယ့် အချိန်မှာ မငိုခဲ့ပါဘူး။ တောင်းပန်ရမယ့် အချိန်မှာ မတောင်းပန်ခဲ့ကြပါဘူး။ ...

ဘဝနေနည်း (၃)

Image
သူ့အချိန်နဲ့သူ လုပ်သင့်တာကို မလုပ်ရင် ဘယ်အရာမှ ထင်သလောက် ခရီးမပေါက်နိုင်ဘူး။ မလုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တာတွေ လုပ်မိရင်လည်း တလွဲတွေ ဖြစ်တတ်တယ်။  မလုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တာတွေ လုပ်မိရင်လည်း တလွဲတွေ ဖြစ်တတ်တယ်။  ဒါဆိုဘယ်အချိန်က အသင့်တော်ဆုံး အချိန်လဲ။  နာမည်ကျော်စာရေးဆရာ Daniel Pink ရေးတဲ့ When စာအုပ်ကို ကျွန်တော် The Voice Journal ထဲမှာ ရေးထားတဲ့ ဖတ်ညွှန်းထဲက ကောက်နုတ်ရေးလိုက်ပါတယ်။  လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇီဝနာရီ ရှိတယ်။  အများအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်နိုးကြားမှု၊ ခွန်အားတွေဟာ မနက်ခင်းမှာ စတင်မြင့်မားလာပြီး မွန်းတည့်ချိန်လောက်မှာ အမြင့်ဆုံးကို ရောက်ပါတယ်။  မွန်းလွဲမှာ အနိမ့်ဆုံးကိုရောက်တယ်။  ညနေခင်း လောက်ကစပြီး ခွန်အားတွေ တောက်လျှောက် ပြန်တက်ပါတယ်။  ခွဲခြမ်းစိတ်ဖြာဖြေရှင်းရတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးအချိန်က မနက်ပါ။ ထိုးထွင်းသိစိတ်နဲ့ ဖြေရှင်းရတဲ့ ပြဿနာတွေကိုတော့ ညနေခင်းမှာ ကိုင်တွယ်သင့်တယ်။  သင်္ချာတွက်တာမျိုးက ခွဲခြမ်းစိတ်ဖြာရတဲ့ ကိစ္စပါ။ အနုပညာကိစ္စလိုမျိုးတွေက ထိုးထွင်းသိစိတ်နဲ့ဆို ပိုအလုပ်ဖြစ်ပါတယ်။...

အချစ်အကြောင်း၊ ဘဝအကြောင်း (၁)

Image
Let this words touch you all!  ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ ဘယ်သူက ကိုယ့်ကို တကယ်ချစ်မှန်း သိသွားတယ်။ မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့ ဘယ်သူက ကိုယ့်ကို ခွဲလို့ မရမှန်းသိသွားတယ်။ လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့ ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။ အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါဘူး၊ တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါဘူး၊   အချိန်ကြောင့် ကိုယ့်ဆီမှာကျန်ခဲ့တဲ့ တန်ဖိုးရှိတဲ့အရာတွေက ငွေကြေးမဟုတ်ပါ။ လှပခြင်းလည်း မဟုတ်ပါ။ အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။   အချိန်တစ်ခုကြာလာတာနဲ့အမျှ၊ မေတ္တာထားနိုင်ပေမဲ့ စိတ်ထားအစစ်အမှန်တွေကိုတော့၊ တကယ်စီစစ်သွားပါတယ်။ ငါ့မှာပန်းသီးတစ်လုံးရှိတယ်။ မင်းကိုတစ်ဝက်ကြွေးမယ်၊ ငါတစ်ဝက်စားမယ်၊ ဒါ သူငယ်ချင်းတဲ့။ ငါ တစ်ခြမ်းပဲ ကိုက်မယ်၊ ကျန်တာအားလုံးမင်းကိုပေးမယ်၊ ဒါ အချစ်တဲ့။ ငါ တစ်ချက်မှ မစားရက်ဘူး၊ အားလုံးပဲ ပေးလိုက်မယ်၊ ဒါ မိဘတဲ့။ ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊ ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာလည်း ပါးစပ်က အော်နေမယ်၊ ဒါ လောကကြီးတဲ့... “မိမိအပေါ်ကောင်းတဲ့သူကို ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။" "မိမိအပေါ် မကောင...

ဓာတ်မြေဩဇာကိုဘယ်လိုထိရောက်အောင်သုံးကြမလဲ ?

Image
" ဓာတ်မြေသြဇာကို ထိရောက်အောင် ဘယ်လို သုံးကြမလဲ " တောင်သူလယ်သမားကြီးများ အများစုက နိုက်ထရိုဂျင်တအတွက် ယူရီးယား (ပုလဲ)၊ ဖော့စ်ဖရပ်စ်ဓာတ်အတွက် တီစူပါ (အမည်း)၊ ပိုတက်စီယမ်ဓာတ်အတွက် ပိုတက်ရှ် (ဓာတ်ဆား) အသုံးပြုကြတာ တွေ့ရပါတယ်။ တချို့လယ်သမားကတော့ နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ်၊ ဆာလ်ဖာ အားလုံး စုပေါင်းထုတ်လုပ်ထားတဲ့ ကွန်ပေါင်းမြေဩဇာသုံးကြတာလည်း တွေ့ရပါတယ်။ ဘာမြေဩဇာပဲသုံးသုံး သုံးစွဲတဲ့နည်းစနစ် မမှန်ကန်ရင် လေလွင့်ဆုံးရှုံးမှုများပြီး သီးနှံ ပင်က မစားရဘဲ အဟောသိကံ ဖြစ်သွားတတ်ပါတယ်။ နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ) မြေဩဇာကိုသုံးရင် စနစ်မကျပါက အပင်က ၃၀ ရာခိုင်နှုန်းသာ ရရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အငွေ့ပြန်တာ၊ မြေအောက်စိမ့်ဝင်တာ၊ စီးဆင်းရေနဲ့ ပါသွားတာ စတဲ့နည်းလမ်းတွေနဲ့ လေလွင့်ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ဒီလေလွင့်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အသုံးမပြုမီ တစ်ညသိပ်နှပ်ထားပြီး မှ ကျွေးရမယ်။ ပြီးတော့ ပုလဲကိုကျွေးတဲ့ အခါမှာလည်း မနက်ပိုင်း နေအေးချိန် ၁၁ နာရီအတွင်းနဲ့ ညနေပိုင်း နေအေးချိန် ၃ နာရီနောက်ပိုင်းမှာ ကျွေးရမယ်။  ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းနေပူနေရင် လယ်ကွက်ထဲမှာရှိတဲ့ ရေ...

ဗိုလ်ချုပ်နေဝင်း Vs ဗိုလ်မှူးချုပ်အောင်ကြီး

Image
. ဗိုလ်ချုပ်ကြီးနေဝင်း 🆚 ဗိုလ်မှုးချုပ်အောင်ကြီး ၁၉၈၈ မတ်လ အာအိုင်တီ အရေးအခင်းနဲ့ ရှစ်လေးလုံး အကြားမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ ဦးနေဝင်းသို့ အိပ်ဖွင့်ပေးစာတွေ ပြန့်နှံ့ခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ၁၉၈၈ မေ ၉၊ မေ ၁၂၊ ဂျွန် ၁၈ နဲ့ ဂျွန် ၂၂ ရက်စွဲတွေနဲ့ စာလေးစောင်ရှိပါတယ်။ ပထမ ၂ စောင်က မဆလ ပါတီရဲ့ အမှားအယွင်းတွေကို ရေးပြရင်း၊ တော်လှန်ရေးကောင်စီခေတ်ကို ကာကွယ်၊ ကျောင်းသား သမဂ္ဂဖြိုတဲ့ ကိစ္စမှာ သူမပါဝင်ကြောင်း ရှင်းပြတာတွေပါ။ နောက် ၂ စောင်မှာတော့ ၈၈ မှာ ဖြစ်ခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အကြောင်း ရေးပြထားပါတယ်။ အဲဒီနောက် ၂ စောင်မှာ အထိ ၈၈ မတ် နဲ့ ဂျွန်မှာ ဖြစ်ခဲ့တာတွေကို ဦးနေဝင်းကို အောက်လူတွေက ဖုံးထားလို့ သူက အမှန်ကို အသိပေးရတဲ့ သဘောမျိုး ရေးထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာတွေကြောင့် အဲဒီအချိန်က အစိုးရ မီဒီယာတွေက ဖုံးထားတဲ့ အချက်အလက်တွေ ပြည်သူလူထုကြားမှာ ပြန့်နှံ့သွားစေပါတယ်။ သူ့ စာတွေ ဘယ်လောက် မှန်တယ်၊ မှားတယ် ဆိုတာထက် သမိုင်းကို ပြန်ကြည့်တဲ့အခါ နှိုင်းယှဉ်ကြည့်စရာ အချက်အလက် တချို့ရစေဖို့ ရည်ရွယ်ပြီး ကျွန်တော် ရိုက်တင်ပေးပါ့မယ်။ အွန်လိုင်းမှာလည်း မရှိသေးဘူးလို့ ထင်ပါတယ်။ စာရ...

သုတေသနစာတမ်းရေးသားနည်း

Image
ဒီတစ်ခါတော့ သုတေသနစာတမ်း‌ေရးသားနည်းရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ "အတိုချုပ်" ရေးသားနည်းကို ကျွန်တော့်ရဲ့ အတွေ့အကြုံတွေထဲကနေ မျှဝေပေးချင်ပါတယ်။ မနေ့တုန်းက စာအုပ်တွေလည်းထုတ်ဝေထားတဲ့ ပါရဂူဘွဲ့ယူဖို့လည်း စာတမ်းရေးနေတဲ့ ဌာနကြီးတစ်ခုက ဒုညွှန်အဆင့် မိတ်ဆွေတစ်ယောက်က သုတေသန စာတမ်းရေးနည်းတွေကို ဖေ့စဘုတ်ထဲမှာ ရှယ်ထားတာ တွေ့ရပါတယ်။ မြန်မာပြည် ပြန်မရောက်သေးလို့ မတွေ့ရသေးတော့ အခု ဆရာက ပါရဂူဘွဲ့ယူပြီးပြီလားတောင် မသိသေးပါဘူး။ သူရှယ်ပေးတော့ မြန်မာပြည်က သုတေသီတွေအတွက် သုတေသနစာတမ်း ရေးနည်း ဗဟုသုတ အများကြီးရစေပါတယ်။ ရေးသူကိုရော၊ ရှယ်ပေးသူများကိုပါ ကျေးဇူးတင်ပါတယ်။  မြန်မာပြည်မှာ သုတေသနလုပ်နေတဲ့လူတွေထဲမှာလည်း အ‌ေခြအ‌‌ေနက အမျိုးမျိုးရှိတော့ အခုမှ စပြီးလေ့လာတဲ့ လူတွေ အလွယ်တကူ သဘောပေါက်အောင် သိထားသမျှ နည်းနည်းလောက် မျှဝေချင်ပါတယ်။ အခုပိုစ့်မှာ ကျွန်တော်က ကျွန်တော် နားလည်ထားတဲ့ "အတိုချုပ်ဆိုတာ ဘာလဲ" ဆိုတာကို ‌အတတ်နိုင်ဆုံး လူပြိန်း ပြောစကားနဲ့ ရေးထားပါတယ်။ ပထမဆုံး ထပ်ဖြည့်ပြီးပြောချင်တာက "အတိုချုပ် ရေးသားချိန်" ဖြစ်ပါတယ်။ အတိုချုပ်‌ေတွက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ...

အောင်မြင်ရေးနည်းလမ်း

Image
ဘဝမှာ အောင်မြင် ပျော်ရွင်စွာရှင်သန် နေနိုင်ထိုင်ဖို့  ဘယ်လိုမျိုး ပြုမူကျင့်ကြံနေထိုင်သင့်သလဲ။ တပုံချင်းစီ အသေးစိပ် ဖတ်ကြည့်ပေးသွားပါ ခင်ဗျ။ Link for all photos ဆက်လက်ဖတ်ရှုပေးကြပါခင်ဗျ။ ကျေးဇူးတင်ပါတယ်။ Source - Top Ten

လိုင်း

လိုင်း **** ပထမ အရွယ်၊ ဒုတိယအရွယ်၊ တတိယ အရွယ် ဆိုပြီး ငယ်ငယ်တုန်းက သင်ခဲ့ဖူးပါတယ်။ (ယနေ့ခေတ်နဲ့တော့ လိုက်မယ်မထင်တော့ဘူး) ကျောင်းက သင်ယူခဲ့တဲ့ သီအိုရီ တွေကို လက်တွေ့အသုံးချတယ်လို့ပဲပြောပြော၊ လုပ်ငန်းခွင် ဝင်လုပ်မယ်လို့ပဲပြောပြော  လုပ်ငန်းခွင်ထဲ ဆင်းမည့် လူငယ်တစ်ယောက်မှာ လိုင်းရွေးမှန်ဖို့အင်မတန် အရေးကြီးပါတယ်။ (ကိုယ့်ဝါသနာကို အခြေခံမှာလား? ကိုယ့်ကျွမ်းကျင်မှုကို အခြေခံမှာလား? မိဘဖိအားပေးမှုကို အခြေခံမှာလား? ဆိုတာကအစ ဂဃနဏ ရှင်းနေဖို့လိုတယ်။) ထိုသို့..... လုပ်ငန်းခွင်ထဲ ဆင်းမည့် လူငယ်တစ်ယောက်မှာ လိုင်းရွေးမှန်ဖို့အင်မတန် အရေးကြီးပါတယ်။ (ကိုယ့်ဝါသနာကို အခြေခံမှာလား? ကိုယ့်ကျွမ်းကျင်မှုကို အခြေခံမှာလား? မိဘဖိအားပေးမှုကို အခြေခံမှာလား? ဆိုတာကအစ ဂဃနဏ ရှင်းနေဖို့လိုတယ်။) [ဤသည် ရည်မှန်းချက်မရှိ၊ ရည်ရွယ်ချက်မရှိတဲ့ လူငယ်အဖို့ စပြီး (ကာလစကားအရ) လိုင်ကြောင်တော့တာပဲ] ဒါကြောင့် မိမိကိုယ်ကိုယ် လိုင်းမကြောင်ရလေအောင်.... ၁) ဘဝအတွက် ရည်မှန်းချက်အမြဲထားပါ ၂) အဆိုပါရည်မှန်းချက်ရောက်ရှိဖို့အတွက် ဇွဲရှိရှိလျှောက်ပါ ၃) ရည်မှန်းချက်ရောက်ဖို့ လိုအပ်လာနိုင်ခြေရှိမယ့် စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေ စဉ်ဆက်မပြတ...

စာကို ဘယ်လိုဖတ်ကြမလဲ !

Image
နဲနဲပဲဖတ်ပါ၊ ဒါပေမယ့် နှစ်ကြိမ်ဖတ်ပါ .. အဲ့ဒီစည်းမျဉ်းကို အသုံးပြုပါ (ကျွန်တော်တို့ မှားယွင်းစွာ ဖတ်နေကြတယ်) +++++ ဆွစ်ဇာလန် အမျိုးသား မီးရထားလုပ်ငန်းရဲ့ အကြိမ်ကြိမ်စီးလက်မှတ်ပေါ်မှာ တံဆိပ်တုံးခြောက်ခုစာ နေရာရှိပါတယ်။ ခရီးတစ်ခု မစမီမှာ ခင်ဗျားရဲ့လက်မှတ်ကို လိမ္မော်ရောင် စက်ထဲ ထည့်လိုက်တဲ့အခါမှာ အဲ့ဒီစက်က ရက်စွဲနဲ့အချိန်ကို လက်မှတ်ပေါ်မှာရိုက်နှိပ်ပေးပြီး လက်မှတ်ရဲ့ လက်ဝဲဖက်အစွန်းလေးကို အနည်းငယ်စုတ်ဖြဲပစ်လိုက်ပါလိမ့်မယ်။ တံဆိပ်တုံး ခြောက်ကြိမ်ထုပြီးချိန်မှာတော့ အဲ့ဒီလက်မှတ်က ဘာမှသုံးစားလို့ မရတော့ပါဘူး။ တံဆိပ်တုံးအချက်ငါးဆယ်ထုစာ စာအုပ်ဖတ်ခွင့်လက်မှတ်တစ်ခုကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ စနစ်ကတော့ အထက်ကအတိုင်း အတူတူပါပဲ။ စာအုပ်တစ်အုပ် မဖတ်ခင်မှာ ခင်ဗျားလက်မှတ်ကို တံဆိပ်တုံး တစ်ခါထုရပါမယ်။ ဒါပေမယ့် ရထားလက်မှတ်နဲ့ မတူတာတစ်ခုက ဒီလက်မှတ်ဟာ ခင်ဗျားအတွက် တစ်ခုထဲသာရရှိမယ့် လက်မှတ်တစ်ခု ဖြစ်ပါတယ်။ ခင်ဗျား လက်မှတ်အသစ်တစ်စောင် ဘယ်တော့မှ ထပ်ဝယ်လို့ ရမှာမဟုတ်ပါဘူး။ လက်မှတ်မှာ တံဆိပ်တုံးထုတာ ပြည့်သွားတဲ့အချိန်မှာ ခင်ဗျားဟာ ဘယ်စာအုပ် အသစ်တစ်အုပ်ကိုမှ ဖွင့်လှန်ဖတ်ရှုခွင့်ရှိမှာ မဟုတ်တော့ပါဘူး။ ...