သုတေသနစာတမ်းရေးသားနည်း
ဒီတစ်ခါတော့ သုတေသနစာတမ်းေရးသားနည်းရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ "အတိုချုပ်" ရေးသားနည်းကို ကျွန်တော့်ရဲ့ အတွေ့အကြုံတွေထဲကနေ မျှဝေပေးချင်ပါတယ်။
မနေ့တုန်းက စာအုပ်တွေလည်းထုတ်ဝေထားတဲ့ ပါရဂူဘွဲ့ယူဖို့လည်း စာတမ်းရေးနေတဲ့ ဌာနကြီးတစ်ခုက ဒုညွှန်အဆင့် မိတ်ဆွေတစ်ယောက်က သုတေသန စာတမ်းရေးနည်းတွေကို ဖေ့စဘုတ်ထဲမှာ ရှယ်ထားတာ တွေ့ရပါတယ်။ မြန်မာပြည် ပြန်မရောက်သေးလို့ မတွေ့ရသေးတော့ အခု ဆရာက ပါရဂူဘွဲ့ယူပြီးပြီလားတောင် မသိသေးပါဘူး။ သူရှယ်ပေးတော့ မြန်မာပြည်က သုတေသီတွေအတွက် သုတေသနစာတမ်း ရေးနည်း ဗဟုသုတ အများကြီးရစေပါတယ်။ ရေးသူကိုရော၊ ရှယ်ပေးသူများကိုပါ ကျေးဇူးတင်ပါတယ်။
မြန်မာပြည်မှာ သုတေသနလုပ်နေတဲ့လူတွေထဲမှာလည်း အေခြအေနက အမျိုးမျိုးရှိတော့ အခုမှ စပြီးလေ့လာတဲ့ လူတွေ အလွယ်တကူ သဘောပေါက်အောင် သိထားသမျှ နည်းနည်းလောက် မျှဝေချင်ပါတယ်။ အခုပိုစ့်မှာ ကျွန်တော်က ကျွန်တော် နားလည်ထားတဲ့ "အတိုချုပ်ဆိုတာ ဘာလဲ" ဆိုတာကို အတတ်နိုင်ဆုံး လူပြိန်း ပြောစကားနဲ့ ရေးထားပါတယ်။
ပထမဆုံး ထပ်ဖြည့်ပြီးပြောချင်တာက "အတိုချုပ် ရေးသားချိန်" ဖြစ်ပါတယ်။ အတိုချုပ်ေတွက သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ "စာတမ်းတွေ ဖိတ်ခေါ်တဲ့အခါ အရင်ဆုံးတင်ရတဲ့ အတိုချုပ်"၊ "မဟာ-ပါရဂူစတဲ့ဘွဲ့ယူကျမ်းတွေမှာ ရေးတဲ့အတိုချုပ်" နဲ့ "ပုံနှိပ်သုတေသနစာတမ်းတွေမှာ ရေးတဲ့အတိုချုပ်"တွေပါ။ မနေ့က ဖတ်လိုက်ရတဲ့အထဲမှာ အတိုချုပ်ကို စာတမ်းရဲ့ နောက်ဆုံးကျမှ ရေးရတယ်လို့ ရေးထားပါတယ်။ အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ ဒီလို နောက်ဆုံးမှ ရေးရတာက ဘွဲ့ယူကျမ်းတွေနဲ့ ပုံနှိပ်စာတမ်းေတွ အတွက်ပါပဲ။ ဖြည့်ပြောချင်တာက
ပထမ အမျိုးအစားဖြစ်တဲ့ စာတမ်းေတွဖိတ်ခေါ်တဲ့အခါမှာ တင်ရတဲ့ အတိုချုပ်ကိုတော့ နောက်ဆုံးမှ ရေးလို့မရပါဘူး။ ဒါက အစောကြီးကတည်းက တင်ရတာပါ။ စာရေးသူက ပုံနှိပ်စာတမ်းရေးတာကိုပဲ အာရုံစိုက်လို့ ပြောဖို့ ကျန်သွားတာ ထင်ပါတယ်။ ဒီလို အရင်ဆုံးတင်ရတဲ အတိုချုပ်ကိုတော့ လုပ်လက်စ သုတေသန ဒါမှမဟုတ် စခါစ သုတေသန တွေထဲကနေ ရေးကြတာပါ။ ဒီအမျိုးအစားက Research Project ရေးရတာနဲ့ တူပါတယ်။နောက်ဆုံးမှ ရေးရတာ မဟုတ်တော့ ဒီအတွက် ရေးရင် "ဘယ်အကြောင်းအရာကို ဘယ်ရှု့ထောင့်ကနေ၊ ဘယ်လို အထောက်အထားအသစ်တွေ၊ ဘယ်လို သီအိုရီတွေ၊ သုတေသနနည်းလမ်းတွေ သုံးပြီးရေးမယ်။ ဘာကို ဖော်ထုတ်မယ်။ ဒီသုေတသနကနေ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်က သုတေသီတွေကို ဘာေတွ နားလည်သိမြင်လာစေမယ်၊ ဘာအသိသစ်ရစေမယ်" ဆိုတာ ပေါ်လွင်အောင်ရေးရပါတယ်။
အခုက စပြီးတော့ အတိုချုပ်ဆိုတာဘာလဲ ဆိုတာ ကျွန်တော့ရဲ့ အတွေ့ကြုံပေါ်အခြေခံပြီး ပြောပါမယ်။ ပြောတဲ့အခါမှာလည်း ပုံနှိပ်သုတေသနစာတမ်းအတွက် အဓိကထား ပြောပါ့မယ်။ "အတိုချုပ်" ဆိုတာ နားလည်လွယ်အောင် ပြောရရင် "ကြော်ငြာ" ပါပဲ။ စာတမ်းရဲ့ ကြော်ငြာပါ။ ဒီစာတမ်းကိုဖတ်ရင် စာဖတ်သူအတွက် ဘာအကျိုးရှိမယ်ဆိုတာကို စာဖတ်သူ စိတ်ဝင်စားလာအောင်၊ ဖတ်ချင်လာအောက် ဆွဲဆောင်ရေးသားထားတဲ့ အပိုင်းပါပဲ။ အနည်းဆုံး ကိုယ့်စာတမ်းတင်ထားတဲ့ ဂျာနယ်ရဲ့ အယ်ဒီတာတွေက ေရွးချင်လာအောင်၊ ရီဗျူးလုပ်သူတွေ စာတမ်းကို ရွေးချင်လာအောင် ရေးရတဲ့ အပိုင်းပါပဲ။
အတိုချုပ်ဆိုတာက စာတမ်းခေါင်းစဉ်ဖတ်ပြီး၊ ခေါင်းစဉ်ကို စိတ်ဝင်စားတဲ့ သုတေသီတွေ၊ စာဖတ်သူတွေက ဆက်ပြီးဖတ်တဲ့ ဒုတိယမြောက်နေရာပါ။ သုတေသီတွေက အတိုချုပ်ကိုဖတ်ပြီးတော့မှ ဒီစာတမ်းကို ဖတ်သင့် မဖတ်သင့် ဆုံးဖြတ်ကြတာဆိုတော့ အတိုချုပ်ရဲ့ ဆွဲဆောင်မှုရှိမရှိက စာတမ်းအတွက် အလွန်အရေးကြီးပါတယ်။ သုတေသနစာတမ်းဆိုတာကလည်း သုတေသီတွေ မဖတ်ရင် သုတေသနအတွက် အကျိုးမများရင် သိပ်မှ အဓိပ္ပါယ်မရှိတာကိုး။ တတ်နိုင်သမျှ ကြိုးစားပြီး အကျိုးရှိအောင်ရေးမှလည်း ရေးရကျိုးနပ်မှာပေါ့လေ။
အခုဆက်ပြီး ပုံနှိပ်စာတမ်းတွေရဲ့ အတိုချုပ်မှာ ဘာကို ပေါ်လွင်အောင် ပြောရမယ်ဆိုတာပြောပါမယ်။ ပြောတဲ့အခါမှာ စောစောက "အတိုချုပ်" ဆိုတာ "ကြော်ငြာ" ပါလို့ ပြောထားတဲ့အတွက်၊ ဘာကို ကြော်ငြာရမယ်ဆိုတာ ဆက်ပြောပါမယ်။ အတိုချုပ်ထဲမှာ ကြော်ငြာရမှာကတော့ "ဒီစာတမ်းက ဘာအသိအသစ်တွေပါတယ်" 'ဘာတွေ့ရှိချက်အသစ်ပါတယ်" လို့ ဆိုပြီး ကြော်ငြာရမှာပါ။ "ဒီအသစ်ေတွက စာဖတ်သူအတွက်၊ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်က သုတေသီအတွက်၊ သက်ဆိုင်သူတွေအတွက် ဘာအကျိုးရှိစေမယ်" ဆိုတာကို ပေါ်လွင်အောင် ရေးသားရမှာ ဖြစ်ပါတယ်။
ဒီလိုပေါ်လွင်အောင်ရေးဖို့ကတော့ စာတမ်းရဲ့ သုတေသနနည်းလမ်း၊ သီအိုရီ စတာတွေအပေါ် မူတည်ပြီး ရေးသားနည်း ကွဲပြားမှာ ဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ ပြောနိုင်တာကတော့ ဒီစာတမ်းရဲ့ originality ကို ပေါ်အောင် ရေးပြရမှာ ဖြစ်ပါတယ်။ အရင်ကရှိခဲ့တဲ့ သုနေသနတွေနဲ့ မတူကြောင်း၊ ကွဲပြားကြောင်းကို ရေးပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစာတမ်းကနေ ဘာအသစ်တွေ့ရှိဖော်ထုတ်ထားကြောင်း ပြောရမှာပါ။ ပြောတဲ့အခါမှာ သတ်မှတ်ထားတဲ့ စကားလုံးအရေအတွက်ထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိ ရေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ရေးနိုင်ဖို့အတွက်တော့ အလေ့အကျင့် လိုပါလိမ့်မယ်။
အဆင်ေပြတဲ့အခါ စာတမ်းတစ်စောင်ရဲ့ originality ပေါ်အောင် ဘယ်လို ရေးရမယ်ဆိုတာ ဆက်ရေးပေးပါဦးမယ်။
မျိုးဦး
December 10, 2020
Comments
Post a Comment