ကိုယ်ရဲ့ ဝင်ငွေ ထွက်ငွေကို စီမံခန့်ခွဲကြတဲ့အခါ



ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကိုယ့်ဝင်ငွေထွက်ငွေကို အကြမ်းဖျဉ်း ဘယ်လိုစီမံ ခန့်ခွဲလို့ ရလဲဆိုတဲ့ tips လေးတွေပါ။ 
အလုပ်လုပ်နေသူဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ် ဝင်ငွေဆိုတာတော့ ရှိစမြဲပါ။ အနည်းဆုံးတော့ အိမ်ကပေးတဲ့မုန့်ဖိုးဝင်ငွေ တော့ရှိပါတယ်။ ဒါပေမယ့် ထွက်ငွေကတော့ ပြောမနေပါနဲ့တော့။ မဝင်ခင်ကတည်းကထွက်ချင်နေတဲ့ အသုံးစားရိတ်တွေဘယ်လိုစီမံခန့်ခွဲကြမလဲ။ 

ကျွန်တော်ဆို အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ ကျွန်တော်ဝင်ငွေတော်တော်များများက ကိုယ်ပစ္စည်းတစ်ခုခုဝယ်မိလို့ အသုံးမလောက်တာမျိုးထက် ဘာသုံးလို့သုံးလိုက်မှန်းမသိပဲ လကုန်တော့မှ လက်ထဲမှာ ပိုက်ဆံမကျန်တာမျိုး ခဏခဏဖြစ်တတ်တယ်လေ။ ဒါက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ တော်တော်များများ ကြုံတွေ့ရလိမ့်မယ်ထင်ပါတယ်။ ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရလေအောင် လအစထဲကကိုယ့် budget ကို သေချာချိန်ထားသင့်ပါတယ်။ 

၁။ ဘယ်လောက်ကိုစုမယ်ဆိုတာ ကြိုစဉ်းစားထားပါ။
လူတိုင်းမှာ ကိုယ်တစ်လဘယ်လောက်ရနိုင်မလဲဆိုတဲ့ limit ရှိပါတယ်။ အဲဒီမှာမှ လကုန်ရင်ဘယ်လောက်ကျန်ချင်တယ်ဆိုတာ ကြိုတွေးပြီးဖယ်ထားလိုက်ပါ။ စုဖြစ်တာမစုဖြစ်တာထက် ကိုယ်အပို သုံးချင်တဲ့ငွေပမာဏကိုဖယ်ပြီးမှ ကျန်တဲ့ပိုက်ဆံကို မဖြစ်မနေသုံးရမယ့် စားရိတ်အတွက် ဖယ်ထားပါ။ 

၂။ ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အရင်ဝယ်ထားပါ။
ဘာလို့လဲဆိုတော့ ကိုယ်က လကုန်မှဝယ်ဖို့ မှန်းထားပေမယ့် ငွေမလောက်တော့တာတွေဖြစ်တတ်လို့ပါ။ ဒါနဲ့ပဲ ကိုယ်လိုချင်တာလည်းမရ ငွေလည်းမစုမိဖြစ်တတ်ပါတယ်။ ဝယ်မှာသေချာတယ်ဆိုရင်တော့ အရမ်း စောင့်မနေပါနဲ့။

၃။ပမာဏနည်းတယ်ဆိုတိုင်းမသုံးပါနဲ့။
ဈေးမကြီးဘူးဆိုပြီး ကိုယ်မလိုပဲနဲ့ မသုံးပါနဲ့။ ဘာလို့လည်းဆိုတော့ တန်ဖိုးနည်းပေမယ့် အဲဒီနည်းတာလေးတွေက တဖြည်းဖြည်းများလာတဲ့အခါ ပြန်ပေါင်းကြည့်ရင် ပမာဏများနေတတ်လို့ပါ။ 

၄။ တစ်လတာ ကိုယ်သုံးမယ့် ပမာဏကိုမှန်းထားပါ။
တစ်လလုံး ဒါမှမဟုတ် တစ်ပတ်လုံးကိုယ်သုံးမယ့် ပိုက်ဆံကို မုန့်ဖိုးဆိုမုန့်ဖိုး ကားခဆိုကားခ သတ်သတ်ခွဲထားပြီး အဲဒီထဲကပဲ ထုတ်သုံးပါ။ ဒါဆိုရင် မလိုအပ်တဲ့နေရာမှာ ပိုသုံးမိတာမျိုး မရှိတော့ဘူးပေါ့။ 

၅။ ပစ္စည်းရောက်မှ ငွေရှင်းမယ်ဆိုပြီး ဝယ်တာတွေလျှော့လိုက်ပါ။
ပစ္စည်းဝယ်ထားတာတွေက ရောက်လာမှငွေရှင်းရတယ်ဆိုပြီး အများကြီးဝယ်မိတာမျိုးတွေရှိပါတယ်။ အထူးသဖြင့် sales ချတိုင်း ဝယ်ထားရင် နောက်လမှ ပစ္စည်းတွေ စုပြုံရောက်လာပြီး နောက်လမှာ ငွေကြပ်တတ်ပါတယ်။ 

၆။ မလိုအပ်တဲ့နေရာတွေ မသုံးပါနဲ့။
တတ်နိုင်သလောက်ကုန်ကျစရိတ်လျှော့ပါ။ တစ်လထဲမှာ ပစ္စည်းတစ် မျိုးထဲကိုပဲ ၂မျိုး ၃မျိုးမဝယ်ပါနဲ့။ အကောင်းဆုံးကတော့ တစ်လတာဝယ်မယ့်စာရင်း လုပ်ထားပြီး စာရင်းထဲမပါတဲ့ ပစ္စည်းတွေကို မဝယ်ပါနဲ့။

၇။ စိတ်အလိုအရမ်းမလိုက်ပါနဲ့။
ဘယ်လိုငွေသုံးမယ်ဆိုတာထက် ဘယ်လိုရှာနိုင်မလဲဆိုတာပိုပြီး အာရုံစိုက်ပါ။ 
ရှာနိုင်တာထက် ပိုမသုံးမိအောင်ကြိုးစားပါ။
အရေးကြုံလာရင် သုံးဖို့ ဖယ်ထားပါ။

၈။ ဈေးဝယ်ပြီဆိုရင် တစ်နေရာနဲ့ တစ်နေရာဈေးချိန်ကြည့်ဖို့မမေ့ပါနဲ့။
အကောင်းဆုံးက ကိုယ်မလိုတာတွေမ ဝယ်မိအောင်သတိထားပါ။
ဒါဆိုရင် လမကုန်ခင်ငွေကျပ်နေတဲ့ အဖြစ်တွေသိပ်မဖြစ်တော့ဘူးထင်ပါတယ်။
-Remy

(Zawgyi)

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကိုယ့်ဝင်ငွေထွက်ငွေကို အကြမ်းဖျဉ်း ဘယ်လိုစီမံ ခန့်ခွဲလို့ ရလဲဆိုတဲ့ tips လေးတွေပါ။ 
အလုပ်လုပ်နေသူဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ် ဝင်ငွေဆိုတာတော့ ရှိစမြဲပါ။ အနည်းဆုံးတော့ အိမ်ကပေးတဲ့မုန့်ဖိုးဝင်ငွေ တော့ရှိပါတယ်။ ဒါပေမယ့် ထွက်ငွေကတော့ ပြောမနေပါနဲ့တော့။ မဝင်ခင်ကတည်းကထွက်ချင်နေတဲ့ အသုံးစားရိတ်တွေဘယ်လိုစီမံခန့်ခွဲကြမလဲ။ 

ကျွန်တော်ဆို အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ ကျွန်တော်ဝင်ငွေတော်တော်များများက ကိုယ်ပစ္စည်းတစ်ခုခုဝယ်မိလို့ အသုံးမလောက်တာမျိုးထက် ဘာသုံးလို့သုံးလိုက်မှန်းမသိပဲ လကုန်တော့မှ လက်ထဲမှာ ပိုက်ဆံမကျန်တာမျိုး ခဏခဏဖြစ်တတ်တယ်လေ။ ဒါက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ တော်တော်များများ ကြုံတွေ့ရလိမ့်မယ်ထင်ပါတယ်။ ပြတ်တုန်လပ်တုန်း ၂၃ မဖြစ်ရလေအောင် လအစထဲကကိုယ့် budget ကို သေချာချိန်ထားသင့်ပါတယ်။ 

၁။ ဘယ်လောက်ကိုစုမယ်ဆိုတာ ကြိုစဉ်းစားထားပါ။
လူတိုင်းမှာ ကိုယ်တစ်လဘယ်လောက်ရနိုင်မလဲဆိုတဲ့ limit ရှိပါတယ်။ အဲဒီမှာမှ လကုန်ရင်ဘယ်လောက်ကျန်ချင်တယ်ဆိုတာ ကြိုတွေးပြီးဖယ်ထားလိုက်ပါ။ စုဖြစ်တာမစုဖြစ်တာထက် ကိုယ်အပို သုံးချင်တဲ့ငွေပမာဏကိုဖယ်ပြီးမှ ကျန်တဲ့ပိုက်ဆံကို မဖြစ်မနေသုံးရမယ့် စားရိတ်အတွက် ဖယ်ထားပါ။ 

၂။ ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အရင်ဝယ်ထားပါ။
ဘာလို့လဲဆိုတော့ ကိုယ်က လကုန်မှဝယ်ဖို့ မှန်းထားပေမယ့် ငွေမလောက်တော့တာတွေဖြစ်တတ်လို့ပါ။ ဒါနဲ့ပဲ ကိုယ်လိုချင်တာလည်းမရ ငွေလည်းမစုမိဖြစ်တတ်ပါတယ်။ ဝယ်မှာသေချာတယ်ဆိုရင်တော့ အရမ်း စောင့်မနေပါနဲ့။

၃။ပမာဏနည်းတယ်ဆိုတိုင်းမသုံးပါနဲ့။
စျေးမကြီးဘူးဆိုပြီး ကိုယ်မလိုပဲနဲ့ မသုံးပါနဲ့။ ဘာလို့လည်းဆိုတော့ တန်ဖိုးနည်းပေမယ့် အဲဒီနည်းတာလေးတွေက တဖြည်းဖြည်းများလာတဲ့အခါ ပြန်ပေါင်းကြည့်ရင် ပမာဏများနေတတ်လို့ပါ။ 

၄။ တစ်လတာ ကိုယ်သုံးမယ့် ပမာဏကိုမှန်းထားပါ။
တစ်လလုံး ဒါမှမဟုတ် တစ်ပတ်လုံးကိုယ်သုံးမယ့် ပိုက်ဆံကို မုန့်ဖိုးဆိုမုန့်ဖိုး ကားခဆိုကားခ သတ်သတ်ခွဲထားပြီး အဲဒီထဲကပဲ ထုတ်သုံးပါ။ ဒါဆိုရင် မလိုအပ်တဲ့နေရာမှာ ပိုသုံးမိတာမျိုး မရှိတော့ဘူးပေါ့။ 

၅။ ပစ္စည်းရောက်မှ ငွေရှင်းမယ်ဆိုပြီး ဝယ်တာတွေလျှော့လိုက်ပါ။
ပစ္စည်းဝယ်ထားတာတွေက ရောက်လာမှငွေရှင်းရတယ်ဆိုပြီး အများကြီးဝယ်မိတာမျိုးတွေရှိပါတယ်။ အထူးသဖြင့် sales ချတိုင်း ဝယ်ထားရင် နောက်လမှ ပစ္စည်းတွေ စုပြုံရောက်လာပြီး နောက်လမှာ ငွေကြပ်တတ်ပါတယ်။ 

၆။ မလိုအပ်တဲ့နေရာတွေ မသုံးပါနဲ့။
တတ်နိုင်သလောက်ကုန်ကျစရိတ်လျှော့ပါ။ တစ်လထဲမှာ ပစ္စည်းတစ် မျိုးထဲကိုပဲ ၂မျိုး ၃မျိုးမဝယ်ပါနဲ့။ အကောင်းဆုံးကတော့ တစ်လတာဝယ်မယ့်စာရင်း လုပ်ထားပြီး စာရင်းထဲမပါတဲ့ ပစ္စည်းတွေကို မဝယ်ပါနဲ့။

၇။ စိတ်အလိုအရမ်းမလိုက်ပါနဲ့။
ဘယ်လိုငွေသုံးမယ်ဆိုတာထက် ဘယ်လိုရှာနိုင်မလဲဆိုတာပိုပြီး အာရုံစိုက်ပါ။ 
ရှာနိုင်တာထက် ပိုမသုံးမိအောင်ကြိုးစားပါ။
အရေးကြုံလာရင် သုံးဖို့ ဖယ်ထားပါ။

၈။ စျေးဝယ်ပြီဆိုရင် တစ်နေရာနဲ့ တစ်နေရာစျေးချိန်ကြည့်ဖို့မမေ့ပါနဲ့။
အကောင်းဆုံးက ကိုယ်မလိုတာတွေမ ဝယ်မိအောင်သတိထားပါ။
ဒါဆိုရင် လမကုန်ခင်ငွေကျပ်နေတဲ့ အဖြစ်တွေသိပ်မဖြစ်တော့ဘူးထင်ပါတယ်။
-Remy

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?