ဘဝမှာနောင်တကင်းစေဖို့ !


ဘဝမှာနောင်တကင်းစွာရှင်သန်နေထိုင်နိုင်စေဖို့ ငယ်ရွယ်စဉ်မှာမလုပ်ခဲ့မိရင် အသက်ကြီးမှ နောင်တ ရနေမယ့် အရာတွေရှိတက်ပါတယ်။ ဒါတွေကတော့ 

၁ - ခရီးမသွားတာ

ငယ်ရွယ်တဲ့အချိန်၊ သွားနိုင်လာနိုင်တဲ့အချိန်မှာ ခရီးတွေထွက်ပြီး နေရာသစ်တွေကို မသွားခဲ့ရတာ နောင်တရပါတယ်။ သူများထက် ပိုလုပ်မှ သူများထက် ပိုရမယ်ဆိုတဲ့ အတွေးကြီးရှိနေတာကြောင့် အလုပ်ထဲမှာပဲ နှစ်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ ရင့်ကျက်လာတဲ့အချိန်မှ မသွားခဲ့ရတာကို နောင်တရပါလိမ့်မယ်။

၂ - လုံလောက်တဲ့ပျော်ရွင်မှု

ပထမတစ်ချက်လိုပါပဲ။ ငွေနဲ့ အလုပ်ကိုသာ ကြည့်ပြီး သူများလို ပျော်ရွှင်မှုမရခဲ့တာပါ။ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောတဲ့အခါ သူငယ်ချင်းတွေနဲ့ လုပ်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး၊ စွန့်စားမှုမျိုး ၊ ကြည်နူးမှုမျိုး မရှိတာ ဝမ်းနည်းစရာပါ။

၃ - သူငယ်ချင်း

အချစ်ဆုံး သူငယ်ချင်းတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့မိတာကို ကြီးလာမှ နောင်တရတတ်ပါတယ်။

၄ - ခံစားချက်

ခံစားချက်အစစ်ကို အမှန်တိုင်း မပြခဲ့ရတာကို နောင်တရတတ်ပါတယ်။ လူတွေဟာ သူတို့ကို မာကြောတဲ့လူလို့ ထင်စေချင်တာကြောင့် ငိုရမယ့် အချိန်မှာ မငိုခဲ့ပါဘူး။ တောင်းပန်ရမယ့် အချိန်မှာ မတောင်းပန်ခဲ့ကြပါဘူး။ ဒီလို အပြုအမူကြောင့် မိသားစုနဲ့၊ အချစ်ဆုံးလူနဲ့ စတဲ့အရာတွေနဲ့ နီးလျက်နဲ့ဝေးနေကြရတတ်ပါတယ်။

၅ - အလုပ်

မကြိုက်တဲ့အလုပ်၊ ကိုယ်နဲ့ မကိုက်တဲ့အလုပ်မှန်း သိပေမဲ့ သက်သာသလိုနေခဲ့ရာက အသက်ကြီးမှ ခွာလို့မရမှန်းသိတဲ့အခါ နောင်တရတတ်ပါတယ်။

Duwun မှကူးယူဖော်ပြပါသည်။

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?