ဓာတ်မြေဩဇာကိုဘယ်လိုထိရောက်အောင်သုံးကြမလဲ ?


" ဓာတ်မြေသြဇာကို ထိရောက်အောင် ဘယ်လို သုံးကြမလဲ "

တောင်သူလယ်သမားကြီးများ အများစုက နိုက်ထရိုဂျင်တအတွက် ယူရီးယား (ပုလဲ)၊ ဖော့စ်ဖရပ်စ်ဓာတ်အတွက် တီစူပါ (အမည်း)၊ ပိုတက်စီယမ်ဓာတ်အတွက်
ပိုတက်ရှ် (ဓာတ်ဆား) အသုံးပြုကြတာ တွေ့ရပါတယ်။

တချို့လယ်သမားကတော့ နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ်၊ ဆာလ်ဖာ အားလုံး စုပေါင်းထုတ်လုပ်ထားတဲ့ ကွန်ပေါင်းမြေဩဇာသုံးကြတာလည်း တွေ့ရပါတယ်။
ဘာမြေဩဇာပဲသုံးသုံး သုံးစွဲတဲ့နည်းစနစ် မမှန်ကန်ရင် လေလွင့်ဆုံးရှုံးမှုများပြီး သီးနှံ
ပင်က မစားရဘဲ အဟောသိကံ ဖြစ်သွားတတ်ပါတယ်။

နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ) မြေဩဇာကိုသုံးရင် စနစ်မကျပါက အပင်က ၃၀ ရာခိုင်နှုန်းသာ ရရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အငွေ့ပြန်တာ၊ မြေအောက်စိမ့်ဝင်တာ၊ စီးဆင်းရေနဲ့ ပါသွားတာ စတဲ့နည်းလမ်းတွေနဲ့ လေလွင့်ပျောက်ဆုံးသွားပါတယ်။

ဒါကြောင့် ဒီလေလွင့်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အသုံးမပြုမီ တစ်ညသိပ်နှပ်ထားပြီး မှ ကျွေးရမယ်။ ပြီးတော့ ပုလဲကိုကျွေးတဲ့ အခါမှာလည်း မနက်ပိုင်း နေအေးချိန် ၁၁ နာရီအတွင်းနဲ့ ညနေပိုင်း နေအေးချိန် ၃ နာရီနောက်ပိုင်းမှာ ကျွေးရမယ်။ 

ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းနေပူနေရင် လယ်ကွက်ထဲမှာရှိတဲ့ ရေရဲ့ အပူချိန်
မြင့်တက်ပြီး ရေရဲ့ချဉ်ငန်ကိန်းဟာလည်း ၁၁ လောက်ထိ ရောက်ရှိနေတယ်။ ရေရဲ့
ချဉ်ငန်ကိန်း မြင့်တက်လေလေ ယူရီးယား (ပုလဲ) မြေဩဇာမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်
ဓာတ်ဟာ အငွေ့ပြန်မှုများလေလေ ဖြစ်ပါတယ်။ ဆုံးရှုံးမှုများစေပါတယ်။ ပြီးတော့ ယူရီးယား (ပုလဲ) မြေဩဇာကို မိုးရွာနေရင် လုံးဝမကျွေးဘဲ ရပ်ထားရမှာ ဖြစ်ပါတယ်။ 

မိုးရွာနေစဉ်ကျွေးရင် မိုးရေနဲ့ ပျော်ဝင်ပါသွားပြီး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ နေ့လယ်
နေပြင်းပြင်း ပူနေတဲ့ အချိန်မှာလည်း ယူရီးယား (ပုလဲ) မြေဩဇာကျွေးတာကို ရှောင်ရ မှာဖြစ်ပါတယ်။ အငွေ့ပြန်ဆုံးရှုံးမှု အလွန်များစေနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ယူရီးယား (ပုလဲ) မြေဩဇာကို အသုံးပြုရင် မြေပြင်ချိန်မှာ တစ်ကြိမ်တည်း အသုံး မပြုဘဲ အပင်ပွားချိန်၊ ပင်ပွားစုံချိန်၊ မှိုမကပ်မီ တစ်ပတ်အလို တစ်ကြိမ်၊ အနှံထွက် စချိန်၊ နို့ရည်တည်ချိန်မှာ ငါးကြိမ်ခွဲအသုံးပြုရင် စပါးအထွက် ၆-၁၆တင်း အထိ၊
၇-၁၈ ရာခိုင်နှုန်းအထိ တိုးထွက်နိုင်တယ်လို့ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီး ဌာနက ပြောထားပါတယ်။

တီစူပါမြေဩဇာကိုတော့ မြေပြုပြင်ချိန်မှာ တစ်ကြိမ်တည်း အသုံးပြုတာဟာ အကောင်းဆုံး ပဲလို့လည်း ဆိုပါတယ်။ ပိုတက်ရ်ှဓာတ်မြေဩဇာကိုတော့ မြေပြုပြင် 
ချိန် တစ်ကြိမ်တည်း ထည့်သွင်းအသုံးပြုတာထက် ပင်ပွားချိန်၊ မှိုမကပ်မီ တစ်ပတ်အလို တစ်ကြိမ်၊ အနှံစုံချိန်မှာတစ်ကြိမ်၊ သုံးကြိမ်ခွဲထည့်ပေးရင် စပါးအထွက် သိသာတိုးတက်
စေပါတယ်။

အောင်ဆန်း (စိုက်ပျိုးရေး)- မြန်မာတောင်သူကြီးများ ဂျာနယ်

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?