အလုပ်အကိုင်အွင့်အလမ်းအတွက် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများ
ထောင်စုနှစ်လူသားများနှင့် အလုပ်စိန်ခေါ်မှုများ
----------------------------------
ထောင်စုနှစ်လူသားများ (လက်ရှိအသက်အရွယ် ၁၉-၃၆ နှစ်ကြား) အပေါ် အသက်အရွယ် အလိုက်တုံ့ပြန်မှုနှင့်ပတ်သက်သည့် စစ်တမ်းအရ ထောင်စုနှစ်လူသားများနှင့် ပတ်သက်၍ အများစု၏ သုံးသပ်ချက်မှာ စိတ်မရှည်ခြင်း (Inpatient) ၊ ယုံကြည်မှုလွန်ကဲခြင်း (Over Confident) ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို အဓိကထားခြင်း (Materialistic) ဟု သတ်မှတ်ထားလေ သည်။ X Generation (၁၉၆၀-၈၀ ကြားမွေးဖွားသူများ) နှင့် ဒုတိယကမ္ဘာစစ်ခေတ်ကြိုမွေးဖွား သူများအနေဖြင့် စည်းကမ်းရှိခြင်း (Disciplined) ၊ အလုပ်အပေါ်သစ္စာရှိခြင်း (Loyal) နှင့် ပိုင်ဆိုင်မှု (Ownership) တို့ ရှိကြလေသည်။
ထောင်စုနှစ်လူသားများအပေါ် အများစု၏ထင်မြင်ယူဆချက်မှာ ခံစားပိုင်ခွင့် (Entitlement) ရှိသည်ဟုခံယူခြင်း၊ ပျင်းရိခြင်းနှင့်၊ မိမိနှင့်ဆက်စပ်သည့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ လေးစားမှုမရှိခြင်းဖြစ်ပါသည်။ သို့သော် ထောင်စုနှစ်လူသားများ၏ အားသာချက်မှာ နည်းပညာဆိုင်ရာတိုးတက်ပြောင်းလဲမှုကြောင့် တီထွင်တွေးခေါ်နိုင်မှုစွမ်းရည် လွန်စွာမြင့်မားပြီး ပြောင်းလဲမှုများကို ထူးခြားစွာဆောင်ရွက်နိုင်စွမ်းရှိကြပါသည်။ ဤအချက်သည် ထောင်စုနှစ် လူသားတို့နှင့် အခြားမျိုးဆက်တို့အကြား ကွာဟမှုကိုဖြစ်ပေါ်စေပြီး နားလည်မှုနှင့် လက်ခံနိုင် စွမ်းကျလာလေသည်။
ယနေ့ထောင်စုနှစ်လူသားတို့သည် အစစအရာရာဒစ်ဂျစ်တယ်နည်းပညာကို ဦးစားပေး လာကြရာ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်ဦးစားပေးဒေသခံများဖြစ်သဖြင့် အရင်မျိုးဆက်တို့ အပါအဝင် ပထမဆုံးကြုံတွေ့ရသည့်အခြေအနေနှင့် စိန်ခေါ်အသစ်များဖြစ်နေလေသည်။ အစစ အရာရာ ဒစ်ဂျစ်တယ်မှီခိုကြရာ တစ်ခါတရံအချို့ကိစ္စရပ်များကို တစ်ဦးတည်းလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ပတ်ဝန်းကျင်နှင့် ကင်းကွာသကဲ့သို့ဖြစ်လာပြီး နောက်ဆက်တွဲပြဿနာမှာ လူအများနှင့်ဆက်ဆံမှုအားနည်းလာခြင်း၊ အားနာစိတ်နည်းပါးခြင်း၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီ ထွေမှုအားနည်းလာခြင်းတို့ရှိလာကြောင်း တွေ့မြင်လာရပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ထောင်စုနှစ်လူသားများမှာ အလုပ်ခွင်တွင်းသို့ ဝင်ရောက်လာကြပြီဖြစ်ရာ မျိုးဆက်တစ်ခုနှင့်တစ်ခုကြား လေးစားမှု၊ နားလည်မှု၊ သင်ယူလေ့ လာမှုတို့ရှိပြီး အပေးအယူမျမှသာ သဟဇာတဖြစ်သောလုပ်ငန်းခွင်များ ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း ... တင်ပြလိုက်ရပါတယ်။
Original uploaders- CEO Magazine
Comments
Post a Comment