လိုင်း
လိုင်း
****
ပထမ အရွယ်၊ ဒုတိယအရွယ်၊ တတိယ အရွယ် ဆိုပြီး ငယ်ငယ်တုန်းက သင်ခဲ့ဖူးပါတယ်။ (ယနေ့ခေတ်နဲ့တော့ လိုက်မယ်မထင်တော့ဘူး)
ကျောင်းက သင်ယူခဲ့တဲ့ သီအိုရီ တွေကို လက်တွေ့အသုံးချတယ်လို့ပဲပြောပြော၊ လုပ်ငန်းခွင် ဝင်လုပ်မယ်လို့ပဲပြောပြော
လုပ်ငန်းခွင်ထဲ ဆင်းမည့် လူငယ်တစ်ယောက်မှာ လိုင်းရွေးမှန်ဖို့အင်မတန် အရေးကြီးပါတယ်။ (ကိုယ့်ဝါသနာကို အခြေခံမှာလား? ကိုယ့်ကျွမ်းကျင်မှုကို အခြေခံမှာလား? မိဘဖိအားပေးမှုကို အခြေခံမှာလား? ဆိုတာကအစ ဂဃနဏ ရှင်းနေဖို့လိုတယ်။)
ထိုသို့.....
လုပ်ငန်းခွင်ထဲ ဆင်းမည့် လူငယ်တစ်ယောက်မှာ လိုင်းရွေးမှန်ဖို့အင်မတန် အရေးကြီးပါတယ်။ (ကိုယ့်ဝါသနာကို အခြေခံမှာလား? ကိုယ့်ကျွမ်းကျင်မှုကို အခြေခံမှာလား? မိဘဖိအားပေးမှုကို အခြေခံမှာလား? ဆိုတာကအစ ဂဃနဏ ရှင်းနေဖို့လိုတယ်။)
[ဤသည် ရည်မှန်းချက်မရှိ၊ ရည်ရွယ်ချက်မရှိတဲ့ လူငယ်အဖို့ စပြီး (ကာလစကားအရ) လိုင်ကြောင်တော့တာပဲ]
ဒါကြောင့် မိမိကိုယ်ကိုယ် လိုင်းမကြောင်ရလေအောင်....
၁) ဘဝအတွက် ရည်မှန်းချက်အမြဲထားပါ
၂) အဆိုပါရည်မှန်းချက်ရောက်ရှိဖို့အတွက် ဇွဲရှိရှိလျှောက်ပါ
၃) ရည်မှန်းချက်ရောက်ဖို့ လိုအပ်လာနိုင်ခြေရှိမယ့် စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေ စဉ်ဆက်မပြတ် ရှာဖွေပါ
၄) မိမိနှင့် ရည်မှန်းချက်တူရာ မိတ်ကောင်းဆွေကောင်းတွေ များများစုစည်းထားပါ
၅) ဘာသာရေးအဆုံးအမ လက်လွတ်မထားပါနဲ့ /နှင့်
၆) နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပါ
၇) စာများများဖတ်ပါ (တစ်ရက် အနည်းဆုံး စာဖတ်ချိန် ၃ နာရီထားပါ)
၈) အပျော်အပါးကို အချိန်ဇယားဖြင့် ပျော်တတ်ပါစေ
👉 လက်လှမ်းမီသလောက် တင်ပြရခြင်းဖြစ်ပါသည်။
ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]
Credit to Original Writer with Respect
Comments
Post a Comment