Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !
Content Writer တစ်ယောက် ဖြစ်လာဖို့!
1.Content တစ်ခုကို စရေးဖို့ အခြေခံ လိုအပ်ချက် (၄) ချက်
2.သင့်အတွက် အလိုအပ်ဆုံး ဒိ အခြေခံ (၄)ချက် နဲ့ Content တစ်ခု စရေးမယ်
3.Content တစ်ခုကို စရေးဖို့ သင် လုံးဝ သိမှာ မဟုတ်တယ့် လိုအပ်ချက် (၄) ချက်
၄.သင်လုံးဝ သတိမထား မိနိုင်တယ့် Content တစ်ခု အတွက် လိုအပ်ချက် (၄) ချက်
1.က Positive Caption ပါ
2.က Extreme Positive Caption,
3.က Negative Caption,
4.က Extreme Negative Caption
Comparative & Superlative အသုံးတွေကို ထည့်ရင် ရေးလေ့ရှိတယ့် Caption ပုံစံ (၄) မျိုးပါ။ Heading & Subheading တွေမှာရော သုံးလေ့ သုံးထ ရှိကြပါတယ်။ (Superlative သုံးတိုင်း Extreme မဖြစ်ပါ၊ ရှေ့ပိုင်းမှာ ထားရေးမှသာ Extreme ခေါတာပါ) ဒါက Positive, Negative & Superlative တွေကို သုံးရေးတယ့် ideas အချို့ပါ
Chapter 1. Writing like cream
-1 ရိုးရှင်းပြီး ရှင်းလင်းပါ
-2 ကာရံရှိပြီး ကိုယ်ပိုင်ဟန် ရှိပါ
-3 တတ်ကြွပြီး လှုံ့ဆော် ပေးပါ
-1
ကိုယ်ရေးတယ့် Content က အရင်ဆုံး ကလေးက အစ ခွေးအဆုံးနားလည် ဖို့ လိုပါတယ်။ စာဖတ်သူက “ဘာလို့ လာတာလဲ? ဘယ်လို မေးခွန်းတွေ ရှိနေမလဲ? အဖြေကိုကော ရှာတွေ့နိုင်လား? တွေ့တော့ရော် နားလည်မှာလား?”
(စာရေးခြင်းက Art ဆိုရင် စာဖတ်ခြင်းက Entertaining ပါပဲ, စာဖတ်တယ့် အချိန်မှာ စာဖတ်သူဟာ ညနေခင်း ပန်းခြံထဲ လမ်းလျှောက် ထွက်ရသလို သက်တောင့် သက်သာ ဖြစ်ရပါမယ်) လေးလံတယ့် ဝါကျတွေ လိုရင်း မရောက်တယ့် ဆိုလိုရင်းတွေ တတ်နိုင်သလောက် ရှောင်ပါ
{Note: keep it simple, don’t generous
ရိုးရှင်းပါ ဆိုသော်လည်း မရက်ရော်ပါနဲ့, စာဖတ်သူက ရောက်လာပြီ ဆိုမှတော့ အဆုံးထိ ရောက်အောင် ခေါ်သွားကြပါ, ပထမ တစ်ပိုဒ်တင် ဖတ်လို့ Content တစ်ခုလုံး နားလည် သွားအောင် မရက်ရော် လိုက်ပါနဲ့!}
အံ့ဩစရာ ကောင်းတာက စာလုံးတိုင်းဟာ စာဖတ်သူရဲ့ နှလုံးသား ကို သက်ရောက် စေတယ့် အလေးချိန် ရှိနေတယ် ဆိုတာပါပဲ, အဲ့ဒါကြောင့် Clear but strong ဖြစ်တယ့် စာလုံးတွေကို ရွေးချယ် အသုံးပြု ရပါမယ်, သန့်သန့် ရှင်းရှင်း ရေးရမယ် ဆိုပေမယ့် ပျော့ဖတ်နေလို့ မရပါဖူး, ယုံကြည်မှု အပြည့်နဲ့ solid ဖြစ်တယ့် စာလုံးတွေ ကို ထည့်ရပါမယ် (အားနာတတ်လို့ ဆိုပြီး ကလေး အဖေ ဘယ်သူမန်း မသိဖူး လို့ လုပ်လို့ မရဖူးပေါ့နော်, အားနာတာနဲ့ သိမ်မွေ့တာ မှာ ကွဲပြားမှု ရှိပါတယ်) ထက်ခါ တလဲလဲ ဖြစ်နေတယ့် ဝါကျ အတို အပြတ်တွေ, တစ်ပုံစံတည်း ဖြစ်နေတယ့် ဆိုလိုရင်းတွေ က အပေါရော် အောက်ရော် ရှေ့တွေ နောက်တွေ ပြန်ပြန် ပါနေပြီး ရှူပ်ပွနေတာ မျိူး မဖြစ်ပါစေနဲ့
-2
ကာရံညီတယ် ဆိုတာ အဖြတ်တောက် မှန်ကန် ခြင်း ဆိုတာထက် ဝါကျ တစ်ကြောင်းမှာ ရှိနေတယ့် စကားစုလေး တွေရဲ့ အလေးချိန်ဟာရှေ့နောက် ညီနေတာ ကို ပြောခြင်တာပါ, ပြီးတော့ ဝါကျ တစ်ကြောင်း နဲ့ တစ်ကြောင်းဟာလည်း ကာရံရှိရပါမယ်, AABBAABBAABB or ABABABABAB or AABAABAABAAB အစရှိသဖြင့် ဆက်စပ်လို့ ရတယ့် ပုံစံ တစ်ခုခု ရှိနေရပါမယ် (Incognito မှာ ကြည့်နေတုန်း Feel လာနေပါပြီ ဆိုမှ “Your free trial ends, please subscribe for full experience ဆိုတာမျိုး လုပ်ပါနဲ့) စာဖတ်သူကို ခေါလာတယ့် ဇာတ်ရှိန်ကို ပစ်ချတာ ပစ်ပေါက်တာ မျိုးတွေက Plot twist အနေနဲ့ drama ချိုးလို့သာ ကောင်းမယ် riskတော့ နည်းနည်း ရှိကြ ပါတယ်
ပန်းချီဆရာ တစ်ယောက် က ပန်းချီကား တစ်ချပ်ရဲ့ စုတ်ချက်ကို ကြည့်လိုက်ရုံ နဲ့ ဘယ် ပန်းချီ ဆရာ ဆွဲတယ် ဆိုတာ ခန့်မှန်း နိုင်သလို စာရေးသူ တိုင်းမှာလည်း ကိုယ်ပိုင် အရေးသား ဆိုတာ ရှိပါတယ် စာရေးသူ တစ်ယောက်ရဲ့ Writing Style ကိုယ်ပိုင်ဟန် အရေးသား ဆိုတာ ကိုယ်တိုင် မွေးမြူ ရမှာမို့ အကြံပြုလို့ မရဖူးပေါ့နော်
-3
သမိုင်းပြုစု နေတာ မဟုတ်ရင် Passive verbs တွေကို ရှောင်ရေးပါ, Active ကို သုံးနိုင်သမျှ သုံးပါ, စာဖတ်သူ ဆိုတာ မနှစ်က ဖြစ်တာထက် ဒီနှစ် ဖြစ်တာကို ပိုစိတ်ဝင်စား သလို ဒီနှစ်ထက် ဒီနေ့ကို ပိုသိခြင် ကြပါတယ်, (မနက်ဖြန် ဖြစ်မယ် ဆိုတာကတော့ “Woww God-Level writing!!” မဟုတ်ပါဖူး Rumors ပေါ့ မရေရာတာမို့ salt ထည့် ရေး, လိုအပ်ချက် ရှိနေလို့ မသေချာရင် Sugar ကြွေး) စာဖတ်သူရဲ့ စူးစမ်း ခြင်စိတ်ကို လှုံ့ဆော် ပေးတယ့် နေရာမှာ အကြောင်းရာက သွေဖယ် မသွားဖို့ အရေးကြီးပါတယ် “စကားကို ရောက်တတ် ရာရာ မပြောရဖူး ဆိုသလိုပဲ စာကိုလည်း တွေးမိရာ ရေးလို့ မဖြစ်ပါဖူး” အဓိကက လိုရင်းကို ပြောရမယ် ဆိုရင်တော့ “ဆိုင်တာပဲ ဆွဲရေးပါ”
ဆိုင်တာပဲ ရေးရမယ် ဆိုသော်လည်း “ပြန်တမ်း စာ, ရုံးစာ...” စတာတွေ ရေးတာ မဟုတ်ရင် အလင်္ကာ သုံးလို့ ရပါတယ်, ပိုကောင်း တာပေါ့ အကြောင်းရာ တစ်ခုနဲ့ တစ်ခုဟာ တိုက်ရိုက် သက်ဆိုင်မှု မရှိပေမယ့် ဂုဏ်ရည် ခြင်း တူအောင် ထက်တူ ပြပေးမယ့် ဥပမာ အင်္လကာ သုံးတာ မျိုး တို့ အရမ်း အဆင်ပြေ ပါတယ် (ပန်းသီး နဲ့ လိမ္မော်သီး တစ်မျိုး စီ ဆိုပေမယ့် အသိီးခြင်း အရသာ ရှိတာခြင်း စသဖြင့် ခိုင်းနှိုင်းပြ ခြင်းက သွေဖယ် ခြင်း မဟုတ်ပါဖူး) အလင်္ကာ သုံးတာ ကတော့ တစ်မျိုး မဟုတ် တစ်မျိုး သွေဖယ် တယ့် ပုံစံ မျိုး ရှိပေမယ့် သူ့နေရာမှာ သူ သုံးတတ်ရင် စာသားသွက်ပါတယ်
Bonus -4
Content တစ်ခုရေး တယ့် အချိန် ဘယ်လောက် စိတ်ကူး ကောင်းပါစေ ပြန်ဖတ်ပြီး edit မလုပ်ဖူး ဆိုရင် တော့ သင့် Content က “Room temperature Coca Cola” ပါပဲ, ၂ ခေါက်လောက်တော့ ပြန်ဖတ်ပါ အနည်းဆုံးတော့ လိုတာ ဖြည့်ပါ, ပိုတာ ဖြုတ်ပါ (content ကို ပြန်ဖတ်တယ့် အချိန် ရိုးရှင်း ပြီး သန့်ရှင်း ရဲ့လား? ကာရံ ပြေပြစ် သလား! လှုံဆော် မှုကော ရှိနေရဲ့လား? ဆိုပြီး ချိန်ဆ ကြည့်ပါ Good/Great Writing သာ ရှိမယ် Perfect Writing ဆိုတာ မရှိပါဖူး)
Nothing is perfect.
Isn’t that the charm?
It’s boring if it’s just perfect.
ကျွန်တော် ဟာလည်း Rookie Writer တစ်ယောက်မို့ ကျွန်တော့ ယူဆချက် တွေဟာ လိုအပ်ချက်များ ရှိနေ မှာပါ
အဆုံးထိ သည်းခံပြီး ဖတ်ပေးခဲ့ရင် ကျေးဇူးပါ 😁
Our admin team didn't remember where we got this article but we give credit to Original Writer very respectfully .
Comments
Post a Comment