အချစ်အကြောင်း၊ ဘဝအကြောင်း (၁)
Let this words touch you all!
ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကို တကယ်ချစ်မှန်း သိသွားတယ်။
မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကို ခွဲလို့ မရမှန်းသိသွားတယ်။
လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။
အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါဘူး၊
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါဘူး၊
အချိန်ကြောင့် ကိုယ့်ဆီမှာကျန်ခဲ့တဲ့ တန်ဖိုးရှိတဲ့အရာတွေက
ငွေကြေးမဟုတ်ပါ။
လှပခြင်းလည်း မဟုတ်ပါ။
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။
အချိန်တစ်ခုကြာလာတာနဲ့အမျှ၊ မေတ္တာထားနိုင်ပေမဲ့
စိတ်ထားအစစ်အမှန်တွေကိုတော့၊ တကယ်စီစစ်သွားပါတယ်။
ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်ဝက်ကြွေးမယ်၊ ငါတစ်ဝက်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။
ငါ တစ်ခြမ်းပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။
ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။
ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာလည်း
ပါးစပ်က အော်နေမယ်၊
ဒါ လောကကြီးတဲ့...
“မိမိအပေါ်ကောင်းတဲ့သူကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။"
လောကကြီးကို အရွဲ့မတိုက်ပါနဲ့၊
လောကကြီးက ဘယ်တော့မှရွဲ့မသွားဘူး၊
သင့်ဘဝကြီးပဲ ရွဲ့စောင်းသွားမှာ။
သင်ရီရင်တစ်လောကလုံးက လိုက်ရီပေးကြပေမယ့်၊
ငိုရင်တော့ သင်တစ်ယောက်ထဲပဲ ငိုရမှာကိုတော့ မမေ့ပါနဲ့။
ဖြစ်နေတဲ့ အခြေအနေတစ်ခုကို မပြောင်းလဲနိုင်ဘူးလား၊
သင့်စိတ်ကိုပဲ သင်ပြောင်းလဲနိုင်အောင်ကြိုးစားလိုက်ပါ။
သိထားရမှာက
ပါရမီရှင်ဆိုတာ တန်ခိုးရှင်မဟုတ်ဘူး၊
အပင်ပန်းခံနိုင်ဆုံးနဲ့ အကြိုးစားဆုံး ပုဂ္ဂိုလ်ကို ခေါ်တာ။
ဘဝမှာ သူတပါးကိုချည်းပဲ အားကျမနေပါနဲ့၊
ကိုယ်ကိုယ်တိုင်ကရော အားကျစရာဖြစ်အောင် လုပ်မပြတော့ဘူးလား။
Credit; khant si thu
Comments
Post a Comment