ဘဝနေနည်း (၁)
မိုက်ကယ်ဂျက်ဆင်ဟာ
အသက်(၁၅၀)လောက်ထိ
နေသွားချင်ခဲ့ပါတယ်…
ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး
သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့
မိသားစုဆရာဝန် (၁၂)ယောက်ထိ
သူခန့်ထားခဲ့တယ်။
သူနေ့စဉ်စားမယ့်
အစားအသောက်တွေကိုလည်း
ဓာတ်ခွဲခန်းမှ
ဂရုတစိုက်စစ်ဆေးပြီးမှသာ
စားသောက်လေ့ရှိပါတယ်။
သူ့ရဲ့နေ့စဉ်ကျန်းမာရေး
လေ့ကျင့်ခန်းများကို
ကြပ်မတ်ပေးဖို့ ဝန်ထမ်း
(၁၅)ယောက်လောက်
ထပ်မံခန့်အပ်ထားခဲ့တာပါ။
သူ့ရဲ့အိပ်ရာမှာ
အောက်စီဂျင်ပမာဏကို
ထိန်းညှိပေးနိုင်တဲ့
နည်းပညာကို အသုံးပြုထားပါတယ်။
ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့
ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို
လှူဒါန်းမယ့်သူတွေကလည်း
တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက်
တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။
သူတို့ရဲ့စားဝတ်နေရေးကို
မိုက်ကယ်ဂျက်ဆင်ကပဲ
ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
ဒီလိုအဖက်ဖက်က
ဂရုတစိုက်ပြင်ဆင်ထားပြီးနောက်
သူဟာ အသက်(၁၅၀)လောက်ထိ
နေသွားနိုင်မယ်လို့
ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…
(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်…
သူ့အသက်(၅၀)အရွယ်မှာတော့
မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ
လုံးဝအလုပ်မလုပ်တော့ပါဘူး။
မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင်
အခြားသောဆရာဝန်ကြီးများစွာ
ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့်
သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို
မကယ်တင်နိုင်ခဲ့ကြဘူး။
(၂၅)နှစ်လုံးလုံး
ဆရာဝန်ညွှန်ကြားချက်မပါဘဲ
ခြေတစ်လှမ်းတောင်မလှမ်းတဲ့
သူတစ်ယောက်ဟာ
အသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့်
မနေခဲ့ရပါဘူး။
မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို
လူပေါင်း(၂)သန်းခွဲလောက်က
တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး
ဒါဟာ ယနေ့အချိန်ထိ
စံချိန်မှတ်တမ်းတစ်ရပ်အဖြစ်
ရှိနေဆဲဖြစ်ပါတယ်။
သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊
ဇွန်လ (၂၅)ရက်
ဒေသစံတော်ချိန်
ညနေ(၃း၁၅)မှာ Wikipedia,
Twitterနဲ့ AOL's instant messengerတို့ဟာ
လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။
လူပေါင်းရှစ်သိန်းလောက်က
Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို
တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့
မှတ်တမ်းတွေကဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ
သေခြင်းတရားကိုစိန်ခေါ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်း
သေခြင်းတရားကသာ သူ့ကို
ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာတော့
ရုပ်ဝတ္ထုပစ္စည်းတွေ
အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့
ကျွန်တော်တို့အားလုံးဟာ
အဲဒီနောက်ကို တကောက်ကောက်
လိုက်နေကြရတယ်။
ဒါကိုမှားတယ်လို့လည်း
ပြောလို့မရပါဘူး။
ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး
လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့်
ကျွန်တော်တို့ဟာ
အဲဒီနောက်ကိုလိုက်ကြရမှာပဲ။
ဒါပေမယ့်
နေ့မအားညမနားလိုက်နေတာကရော
အဓိပ္ပါယ်ရှိပါ့မလား။
ကျွန်တော်တို့ဟာ
တစ်ပတ်ကိုတစ်ခါလောက်
မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို
အချိန်ပေးဖြစ်ခဲ့ကြလို့လား။
ကျွန်တော်တို့ဟာ
ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့
ဆယ်ပုံတစ်ပုံလောက်ကိုတောင်
ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက်
သုံးဖြစ်ခဲ့ကြရဲ့လား။
ဒါကြောင့် ကျွန်တော်တို့ဟာ
ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊
ကိုယ့်ပျော်ရွှင်မှုအတွက်
ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့လိုပါလိမ့်မယ်။
တကယ်တမ်း
သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်
ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။
စာရွက်စာတမ်းတွေပေါ်မှာ
ကျွန်တော်တို့နာမည်
ခဏလေးရေးထိုးထားခွင့်ရရုံနဲ့
ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့
အထင်ရောက်နေခဲ့ကြတာပါ။
"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့်
ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ
သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။
ချမ်းသာအောင်လုပ်စရာမလိုဘူးလို့
ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။
ဆင်းရဲတာနဲ့စာရင်
ချမ်းသာတာက
အဆပေါင်းများစွာပိုကောင်းပါတယ်။
ချမ်းသာတာက
ပြဿနာတစ်ခုမဟုတ်ပါဘူး။
ပိုက်ဆံချည်းပဲချမ်းသာနေပြီး
စိတ်မချမ်းသာရတာကသာ
ပြဿနာဖြစ်ပါတယ်။
ကျွန်တော်တို့က ကိုယ့်ဘဝကို
ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။
ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး
အသုံးချသွားပါလိမ့်မယ်။
တကယ်တော့
ဘဝမှာနေပျော်ဖို့အတွက်
အရေးအကြီးဆုံးက
ရောင့်ရဲမှု ၊
ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့
အဲဒီအရာတွေကိုဘယ်မှာမှ
ဝယ်လို့မရနိုင်တာပါပဲ။
#Credit to orignal writer
Comments
Post a Comment