Posts

ပိုကောင်းတွေဘဝတွေကို ဘယ်လိုရနိုင်မလဲ ?

Image
ပိုကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်ကြမယ် ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်းက သင့်ရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဆိုရင် ယုံမလား။ သင့်ရဲ့အောင်မြင်မှုတွေဟာ သင့်ရဲ့ဘဝတစ်ခုလုံးကို နေပျော်လာနိုင်စေတာမို့ တကယ်လုပ်ကြည့်လိုက်ပါနော်။ အောင်မြင်မှုဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာမှ၊ ငွေတွေသုံးမကုန်ဖြုန်းမကုန်အောင်ရှိမှ၊ ကားအကောင်းစားနဲ့ အိမ်တွေအများကြီးပိုင်ဆိုင်မှဆိုတာမျိုးကဲ့သို့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေပြီး သင်ရည်မှန်းထားတဲ့အရာတွေအပေါ်မှာ ဖြစ်မြောက်အောင်၊ အောင်မြင်အောင်ကြိုးစားနိုင်လာတဲ့စိတ်ကို ပြောချင်တာပါ။  နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်ဆိုတာက အဓိက စိတ်ကြောင့်ဖြစ်တာပါ။ စိတ်ကြောင့်ဖြစ်တာကို စိတ်နဲ့ပဲကုစားရတယ်ဆိုတဲ့စကားကို ကြားဖူးကြမှာပါနော်။ နာကျင်တဲ့စိတ်၊ ကြေကွဲစိတ်၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ ယူကြုံးမရတဲ့စိတ်၊ စတဲ့ စိတ်ကြောင့် ခံစားခဲ့ရတာတွေကို သက်သာဖို့အတွက် စိတ်ကိုပြန်ပြီး ခွန်အားဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးတဲ့စိတ်ဖြစ်လာအောင်လုပ်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာမယ့်အရာတွေ၊ ကိုယ်ပျော်ရွှင်ပြီး အခြ...

ပိုအောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့်အရာ ၁၅ ခု

Image
ပိုအောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့်အရာ ၁၅ ခု ------------------------------------------ လက်ရှိထက်ပိုအောင်မြင်ဖို့ရာမှာ စွန့်လွှတ်ရမယ့်အချက် ၁၅ ချက်ကို Freelance Copywriter ဖြစ်သူ Katie Sweeney က ဖော်ထုတ်ပြထားပဲဖြစ်ပါတယ်။ ပိုအောင်မြင်လိုသော CEO ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ လုံးဝပြီးပြည့်စုံအောင်ကြိုးစားခြင်း၊ ၂။ အလုပ်နည်းနည်းပဲလုပ်ခြင်း၊ ၃။ ကံကောင်းတာကို စောင့်ဆိုင်းနေခြင်း၊ ၄။ အရာရာကို ဖြစ်လာမယ်ဆိုပြီး စောင့်ဆိုင်းနေခြင်း၊ ၅။ ထောက်ခံမှုရဖို့ လိုအပ်နေခြင်း၊ ၆။ တစ်ယောက်တည်းလုပ်ဖို့ ကြိုးစားခြင်း၊ ၇။ မကောင်းတဲ့အတွေးတွေအပေါ် အာရုံစိုက်လွန်းခြင်း၊ ၈။ ကိုယ့်ရဲ့အားနည်းချက်တွေအပေါ် အာရုံစိုက်လွန်းခြင်း၊ ၉။ အတိတ်မှာ နေထိုင်ခြင်း၊  ၁၀။ လူတိုင်းစိတ်ကျေနပ်အောင် ကြိုးစားနေခြင်း၊  ၁၁။ မကျေနပ်မှု၊ နာကျင်များကို ဆုပ်ကိုင်ထားခြင်း၊  ၁၂။ မကောင်းမြင်တတ်တဲ့သူတွေနဲ့ အချိန်ကုန်တတ်ခြင်း၊ ၁၃။ စောဒကတက်ခြင်း၊ ၁၄။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ခြင်း၊ ၁၅။ အပြောင်းအလဲတွေမလုပ်နိုင်တော့ဘူးလို့ ထင်နေခြင်း၊    Ref: katiesweeney.com 

ကိုယ်ရဲ့ ဝင်ငွေ ထွက်ငွေကို စီမံခန့်ခွဲကြတဲ့အခါ

Image
ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကိုယ့်ဝင်ငွေထွက်ငွေကို အကြမ်းဖျဉ်း ဘယ်လိုစီမံ ခန့်ခွဲလို့ ရလဲဆိုတဲ့ tips လေးတွေပါ။  အလုပ်လုပ်နေသူဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ် ဝင်ငွေဆိုတာတော့ ရှိစမြဲပါ။ အနည်းဆုံးတော့ အိမ်ကပေးတဲ့မုန့်ဖိုးဝင်ငွေ တော့ရှိပါတယ်။ ဒါပေမယ့် ထွက်ငွေကတော့ ပြောမနေပါနဲ့တော့။ မဝင်ခင်ကတည်းကထွက်ချင်နေတဲ့ အသုံးစားရိတ်တွေဘယ်လိုစီမံခန့်ခွဲကြမလဲ။  ကျွန်တော်ဆို အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ ကျွန်တော်ဝင်ငွေတော်တော်များများက ကိုယ်ပစ္စည်းတစ်ခုခုဝယ်မိလို့ အသုံးမလောက်တာမျိုးထက် ဘာသုံးလို့သုံးလိုက်မှန်းမသိပဲ လကုန်တော့မှ လက်ထဲမှာ ပိုက်ဆံမကျန်တာမျိုး ခဏခဏဖြစ်တတ်တယ်လေ။ ဒါက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘဲ တော်တော်များများ ကြုံတွေ့ရလိမ့်မယ်ထင်ပါတယ်။ ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရလေအောင် လအစထဲကကိုယ့် budget ကို သေချာချိန်ထားသင့်ပါတယ်။  ၁။ ဘယ်လောက်ကိုစုမယ်ဆိုတာ ကြိုစဉ်းစားထားပါ။ လူတိုင်းမှာ ကိုယ်တစ်လဘယ်လောက်ရနိုင်မလဲဆိုတဲ့ limit ရှိပါတယ်။ အဲဒီမှာမှ လကုန်ရင်ဘယ်လောက်ကျန်ချင်တယ်ဆိုတာ ကြိုတွေးပြီးဖယ်ထားလိုက်ပါ။ စုဖြစ်တာမစုဖြစ်တာထက် ကိုယ်အပို သုံးချင်တဲ့ငွေပမာဏကိုဖယ်ပြီးမှ ကျန်တဲ့ပိုက်ဆံကို မဖြ...

အလုပ်အကိုင်အွင့်အလမ်းအတွက် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများ

Image
ထောင်စုနှစ်လူသားများနှင့် အလုပ်စိန်ခေါ်မှုများ ---------------------------------- ထောင်စုနှစ်လူသားများ (လက်ရှိအသက်အရွယ် ၁၉-၃၆ နှစ်ကြား) အပေါ် အသက်အရွယ် အလိုက်တုံ့ပြန်မှုနှင့်ပတ်သက်သည့် စစ်တမ်းအရ ထောင်စုနှစ်လူသားများနှင့် ပတ်သက်၍ အများစု၏ သုံးသပ်ချက်မှာ စိတ်မရှည်ခြင်း (Inpatient) ၊ ယုံကြည်မှုလွန်ကဲခြင်း (Over Confident) ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို အဓိကထားခြင်း (Materialistic) ဟု သတ်မှတ်ထားလေ သည်။ X Generation (၁၉၆၀-၈၀ ကြားမွေးဖွားသူများ) နှင့် ဒုတိယကမ္ဘာစစ်ခေတ်ကြိုမွေးဖွား သူများအနေဖြင့် စည်းကမ်းရှိခြင်း (Disciplined) ၊ အလုပ်အပေါ်သစ္စာရှိခြင်း (Loyal) နှင့် ပိုင်ဆိုင်မှု (Ownership) တို့ ရှိကြလေသည်။ ထောင်စုနှစ်လူသားများအပေါ် အများစု၏ထင်မြင်ယူဆချက်မှာ ခံစားပိုင်ခွင့် (Entitlement) ရှိသည်ဟုခံယူခြင်း၊ ပျင်းရိခြင်းနှင့်၊ မိမိနှင့်ဆက်စပ်သည့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ လေးစားမှုမရှိခြင်းဖြစ်ပါသည်။ သို့သော် ထောင်စုနှစ်လူသားများ၏ အားသာချက်မှာ နည်းပညာဆိုင်ရာတိုးတက်ပြောင်းလဲမှုကြောင့် တီထွင်တွေးခေါ်နိုင်မှုစွမ်းရည် လွန်စွာမြင့်မားပြီး ပြောင်းလဲမှုများကို ထူးခြားစွာဆောင်ရွက်နိုင်စွ...

ကိုယ်ပိုင်အချိန်တွေကိုကောင်းစွာစီမံခန့်ခွဲတက်စေဖို့

Image
အချိန်ရွှေ့ဆိုင်းတတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ဖို့ နည်းလမ်း (၇)ခု သင်က အချိန်ဆွဲတတ်တဲ့သူတစ်ယောက်လား…? ရူပဗေဒပညာရပ်မှာ သင်ကြားရတဲ့ အီနားရှားဥပဒေသနှစ်ခုက အချိန်ရွှေ့ဆိုင်းခြင်နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ရပ်တန့်နေတဲ့ အရာဝတ္ထုတစ်ခုက ဆက်ပြီးရပ်တန့်ချင်နေသလို ရွေ့လျားနေတဲ့အရာတစ်ခုကလည်း ဆက်လက်ရပ်တန့်နေလိုတယ်ဆိုတဲ့ ဥပဒေသတွေဖြစ်ပါတယ်။ သင်ကရော ဘယ်အထဲမှာပါဝင်ပါသလဲ၊ ရပ်တန့်နေသူလား ရွေ့လျားနေသူလား။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ရွှေ့ဆိုင်းတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအကျင့်ဆိုးကို ရပ်တန့်နိုင်မယ့် နည်းလမ်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ အချိန်(၅)မိနစ်လောက်ယူပြီး မနက်ဖြန်လုပ်ရမယ့်အလုပ်တွေကို စာရင်းချရေးထားပါ စာရွက်လွတ်တစ်ရွက်ပေါ်မှာ သင်လုပ်စရာရှိတဲ့ အလုပ်တွေ၊ ကြန့်ကြာနေတဲ့အလုပ်တွေကို ချရေးထားပါ။  ၂။ စာရင်းကိုကြည့်ပြီး အခုချက်ချင်းတစ်ခုကို ထလုပ်ပါ စာရင်းထဲက သင်အချိန်ဆွဲပြီး မလုပ်ဖြစ်တဲ့ အလုပ်တစ်ခုခုကို အားလေးထည့်ပြီး မဖြစ်ဖြစ်အောင် ထလုပ်လိုက်ပါ။ လက်တွေ့လုပ်ဆောင်ခြင်းက မလုပ်ဖြစ်အောင် ဟန့်တားနေတဲ့ စိုးရိမ်စိတ်ကို ချေဖျက်နိုင်ပါတယ်။ ၃။ စာရင်းထဲက အလုပ်တွေကို လုပ်ဆောင်ဖို့ အချိန်သတ်မှတ်ပါ ဒီအ...

ခွန်အားဖြစ်စေသောအရာများ !

Image
ဘယ်အရာတွေက ခွန်အားဖြစ်စေတာလဲ ------------------------------------ ဖိစီးမှု (Stress) ဆိုတဲ့စကားလုံးကို အကောင်အထည်ပြနိုင်တဲ့ ဒြပ်ဝတ္ထုပစ္စည်းတွေအတွက် ရူပဗေဒပညာရှင်တွေကရာစုနှစ်အတော်များများ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုန်း မညီမျမှုကုသတဲ့ ဟန်ဂေရီနွယ်ဖွား ဆရာဝန် Hans Selye က သက်ရှိလူသားတွေအတွက် ဖိစီးမှု (Stress) ကို စတင်အသုံးပြုခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်အချိန်အထိတော့ မဟုတ်ခဲ့ပါဘူး။ Selye ဟာ ကြွက်ကိုယ်ထဲကို နွားရဲ့ဟော်မုန်းထိုးပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ နွားဟော်မုန်းအထိုးခံ ရတဲ့ ကြွက်တွေဟာ အပူချိန်ပြင်းပြင်းထန်ထန်မြင့်တက်လာခဲ့ပြီး ကျောရိုးရောင်ရမ်းတာနဲ့အစာအိမ်ပြည်တည်နာကအစကိုယ်ခံအားစနစ်ပျက်စီးလာတဲ့အထိအကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းမညီမျမှု လက္ခဏာတွေအတွက် Selye က ဖိစီးမှုဆိုတဲ့အသုံးအနှုန်းကို သုံးစွဲလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက်ပါ ဖိစီးမှု (Stress) အသုံးပြုဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မျက်မှောက်ကာလ အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်မှာတော့ Stress ဆိုတဲ့ စကားလုံးကို ပတ်ဝန်းကျင်အခြေအနေအချိန်အခါ ပြောင်းလဲသက်ရောက်မှုကြောင့် ဖြစ်ပေ...

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

Image
Content Writer တစ်ယောက် ဖြစ်လာဖို့! 1.Content တစ်ခုကို စရေးဖို့ အခြေခံ လိုအပ်ချက် (၄) ချက်  2.သင့်အတွက် အလိုအပ်ဆုံး ဒိ အခြေခံ (၄)ချက် နဲ့ Content တစ်ခု စရေးမယ်  3.Content တစ်ခုကို စရေးဖို့ သင် လုံးဝ သိမှာ မဟုတ်တယ့် လိုအပ်ချက် (၄) ချက် ၄.သင်လုံးဝ သတိမထား မိနိုင်တယ့် Content တစ်ခု အတွက် လိုအပ်ချက် (၄) ချက်  1.က Positive Caption ပါ 2.က Extreme Positive Caption, 3.က Negative Caption, 4.က Extreme Negative Caption  Comparative & Superlative အသုံးတွေကို ထည့်ရင် ရေးလေ့ရှိတယ့် Caption ပုံစံ (၄) မျိုးပါ။ Heading & Subheading တွေမှာရော သုံးလေ့ သုံးထ ရှိကြပါတယ်။ (Superlative သုံးတိုင်း Extreme မဖြစ်ပါ၊ ရှေ့ပိုင်းမှာ ထားရေးမှသာ Extreme ခေါတာပါ) ဒါက Positive, Negative & Superlative တွေကို သုံးရေးတယ့် ideas အချို့ပါ Chapter 1. Writing like cream  -1 ရိုးရှင်းပြီး ရှင်းလင်းပါ -2 ကာရံရှိပြီး ကိုယ်ပိုင်ဟန် ရှိပါ -3 တတ်ကြွပြီး လှုံ့ဆော် ပေးပါ -1  ကိုယ်ရေးတယ့် Content က အရင်ဆုံး ကလေးက အစ ခွေးအဆုံးနားလည် ဖို့ လိုပါတယ်။ စာဖတ်သူက “ဘာလို့ လာတာလဲ? ဘယ်လို မေး...